News And Library
Fresh News And Some Knowledge For You
Thursday, 27 September 2012
မြန်မာ့ပို့ကုန် ပိတ်ပင်ထားမှု အမေရိကန် ဖြေလျှော့မည်
နို
င်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ စက်တင်ဘာလ
၂
၆ ရက်နေ့က နယူယောက်မြို့တွင် တွေ့ဆုံစဉ် (AP Photo/Craig Ruttle)
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှု ပိတ်ပင်ထားမှုကို ဖြေလျှော့သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်ပြည်ထောင်စုသို့ လတ်တလောရောက်ရှိနေသော မြန်မာသမ္မတ ဦးသိန်းစိန်နှင့် စက်တင်ဘာလ
၂
၆ ရက်နေ့က နယူးယောက်မြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှု ဆက်လက်ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုခြင်းနှင့် အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးမှ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မိမိတို့၏ ကုန်သွယ်မှု ဆက်ဆံရေးကို ပုံမှန်ဖြစ်ရေး ရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
''မိမိတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့မှု ကန့်သတ်ချက်တွေကို ဖြေလျှော့ရေး စတင်ဆောင်ရွက်သွားပါမယ်။ ဒါက
လူ
ကြီးမင်းတို့ရဲ့ ပြည်သူများအတွက် ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေကို မိမိတို့ရဲ့ ဈေးကွက်ထဲသို့ တင်ပို့ရောင်းချဖို့ အခွင့်အလမ်း ပိုမိုရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။
ယခုကဲ့သို့ ထုတ်ပြန်ကြေညာမှုသည် အမေရိကန်ပြည်ထောင်စု အိုဘားမားအစိုးရက မြန်မာနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အမေရိကန်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှု ပိတ်ပင်ထားမှုကို ဖယ်ရှားအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။
''အမေရိကန်ပြည်ထောင်စုရဲ့ ဆောင်ရွက်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။''ဟု မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
မြန်မာသမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် သွားရောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာလ
၂
၇ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
နိုင်ငံတကာမီဒီယာများက မြန်မာသမ္မတ၏ အမေရိကန်ခရီးစဉ်မှာ သမိုင်းတွင်ထူးခြားသည့် ခရီးစဉ်တစ်ခုအဖြစ် ဖော်ပြနေကြပြီး မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို သမ္မတအနေဖြင့် ရယူပေးနိုင်လိမ့်မည်ဟု သုံးသပ်မှုများလည်း ရှိနေပါသည်။
မြန်မာသမ္မတသည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ
၂
၅ ရက်နေ့က (ဒေသစံတော်ချိန်) ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်တွင် ၁၅ မိ နစ်ကြာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာ
လူ
ထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်။
''အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့တာကို ကျွန်မအလေးအနက် ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာအတွက် စတင်တာဝန်ယူရမှာ ဖြစ်လို့ပါ။ ဒီမိုကရေစီဖြစ်ထွန်းရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေအပေါ် မိမိတို့အနေနဲ့ မမှီခိုသင့်တော့ပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ့်ဖာသာကိုယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျွန်မတို့ကို ကူညီနိုင်တဲ့ တခြား နည်းလမ်းတွေလည်း ရှိပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်တွေ့ဆုံပြီးနောက် ၀ါရှင်တန်ဒီစီရှိ U.S. Institute of Peace တွင် စက်တင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြိုဆိုခဲ့ပြီး မြန်မာသမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်ခဲ့သည့် မကြာသေးခင်က တိုးတက်မှုများကိုလည်း ကြိုဆိုခဲ့ကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment