Sunday, 16 September 2012

နိုင်ငံသားများအား တူနီးရှားနှင့် ဆူဒန်နိုင်ငံများမှ ထွက်ခွာရန် အမေရိကန် အစိုးရအမိန့်ပေး

Photo: နိုင်ငံသားများအား တူနီးရှားနှင့် ဆူဒန်နိုင်ငံများမှ ထွက်ခွာရန် အမေရိကန် အစိုးရအမိန့်ပေး   

WRITTEN BY ရွှေလုံး အယ်ဒီတာ    
SUNDAY, 16 SEPTEMBER 2012 02:34
 
အမေရိကန်နိုင်ငံ အစိုးရအနေဖြင့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကြောင့် တူနီးရှားနှင့် ဆူဒန်နိုင်ငံများရှိ သံရုံးများမှ မရှိမဖြစ် လိုအပ်သည့် တာဝန်ရှိသူ များမှအပါ ကျန် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအား အဆိုပါ နိုင်ငံများမှ အမြန်ဆုံး ထွက်ခွာကြရန် အမိန့်ထုတ်ပြန်လိုက်သည်။

ထို့အပြင် တူနီးရှားနိုင်ငံနေ အမေရိကန် နိုင်ငံသားများအားလည်း အမြန်ဆုံး ထွက်ခွာကြရန် တိုက်တွန်းလိုက်သည်။

တမန်တော် မိုဟာမက်အား နောက်ပြောင်ထားသည့် အမေရိကန် ရုပ်ရှင်ကြောင့် ဒေါသပေါက်ကွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ရာမှ မွတ်စလင်နိုင်ငံများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိရာ ယခုနောက်ဆုံးတွင် တူနီးရှားနှင့် ဆူဒန်နိုင်ငံများသို့ပါ ပြန့်နှံ့ရောက်ရှိလာခဲ့ပြီး သံရုံးများအား တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ယနေ့အစောပိုင်းက သံရုံးများအား ကာကွယ်ရန် မရိန်းစ်တပ်ဖွဲ့များ စေလွှတ်ရန် အမေရိကန်အစိုးရ၏ အဆိုပြုချက်အား ဆူဒန်အစိုးရက ပယ်ချခဲ့ပြီး ယင်းတို့၏ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် လိုအပ်သည့် ကာကွယ်ပေးမှုများ ပြုလုပ်နိုင်စွမ်းရှိသည်ဟု တုန့်ပြန်ခဲ့သည်။

ဆူဒန်နိုင်ငံမြို့တော်၊ ခါတွန်းမ်ရှိ သံရုံးအား အကြမ်းဖက် တိုက်ခိုက်မှုတွင် လူ ၃ ဦးသေဆုံးခဲ့ရပြီး ဂျာမနီနှင့် ဗြိတိန်သံရုံးများလည်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ကနေဒါ အစိုးရကလည်း ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဆူဒန်၊ လစ်ဗျားနှင့် အီဂျစ်နိုင်ငံများရှိ ယင်းတို့၏ သံရုံးများအား အချိန်အကန့်အသတ်မရှိ ပိတ်ပင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်း အနေဖြင့် အာရေးဘီးယားကျွန်းဆွယ်တွင် လှုပ်ရှားနေသည့် အယ်လ်ကိုင်းဒါးအဖွဲ့က အနောက်နိုင်ငံများ၏ သံရုံးများအား တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု အစောပိုင်းက ကြေညာသွားခဲ့သည်။

စနေနေ့ အစောပိုင်းက ပြုလုပ်သည့် အင်တာဗျူး၌ အီဂျစ်ဝန်ကြီးချုပ် ဟီရှမ်ကမ်ဒီးလ်က အမေရိကန်တို့အနေဖြင့် အစ္စလာမ်ဘာသာအား ဆော်ကားသည့် ဖြစ်ရပ်များအား တားဆီးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ယခုရုပ်ရှင်မှာ တမန်တော် မိုဟာမက်အား ဆော်ကားထားသည့်အတွက် လက်ခံနိုင်ဖွယ် မရှိကြောင်း၊ သို့သော်လည်း အကြမ်းဖက်သည့် နည်းဖြင့် တုန့်ပြန်သည်မှာမူ မှားယွင်းကြောင်း ဘီဘီစီ သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

news from..Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network
  အမေရိကန်နိုင်ငံ အစိုးရအနေဖြင့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကြောင့် တူနီးရှ
ားနှင့် ဆူဒန်နိုင်ငံများရှိ သံရုံးများမှ မရှိမဖြစ် လိုအပ်သည့် တာဝန်ရှိသူ များမှအပါ ကျန် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအား အဆိုပါ နိုင်ငံများမှ အမြန်ဆုံး ထွက်ခွာကြရန် အမိန့်ထုတ်ပြန်လိုက်သည်။

ထို့အပြင် တူနီးရှားနိုင်ငံနေ အမေရိကန် နိုင်ငံသားများအားလည်း အမြန်ဆုံး ထွက်ခွာကြရန် တိုက်တွန်းလိုက်သည်။

တမန်တော် မိုဟာမက်အား နောက်ပြောင်ထားသည့် အမေရိကန် ရုပ်ရှင်ကြောင့် ဒေါသပေါက်ကွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ရာမှ မွတ်စလင်နိုင်ငံများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိရာ ယခုနောက်ဆုံးတွင် တူနီးရှားနှင့် ဆူဒန်နိုင်ငံများသို့ပါ ပြန့်နှံ့ရောက်ရှိလာခဲ့ပြီး သံရုံးများအား တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ယနေ့အစောပိုင်းက သံရုံးများအား ကာကွယ်ရန် မရိန်းစ်တပ်ဖွဲ့များ စေလွှတ်ရန် အမေရိကန်အစိုးရ၏ အဆိုပြုချက်အား ဆူဒန်အစိုးရက ပယ်ချခဲ့ပြီး ယင်းတို့၏ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် လိုအပ်သည့် ကာကွယ်ပေးမှုများ ပြုလုပ်နိုင်စွမ်းရှိသည်ဟု တုန့်ပြန်ခဲ့သည်။

ဆူဒန်နိုင်ငံမြို့တော်၊ ခါတွန်းမ်ရှိ သံရုံးအား အကြမ်းဖက် တိုက်ခိုက်မှုတွင် လူ ၃ ဦးသေဆုံးခဲ့ရပြီး ဂျာမနီနှင့် ဗြိတိန်သံရုံးများလည်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ကနေဒါ အစိုးရကလည်း ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဆူဒန်၊ လစ်ဗျားနှင့် အီဂျစ်နိုင်ငံများရှိ ယင်းတို့၏ သံရုံးများအား အချိန်အကန့်အသတ်မရှိ ပိတ်ပင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်း အနေဖြင့် အာရေးဘီးယားကျွန်းဆွယ်တွင် လှုပ်ရှားနေသည့် အယ်လ်ကိုင်းဒါးအဖွဲ့က အနောက်နိုင်ငံများ၏ သံရုံးများအား တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု အစောပိုင်းက ကြေညာသွားခဲ့သည်။

စနေနေ့ အစောပိုင်းက ပြုလုပ်သည့် အင်တာဗျူး၌ အီဂျစ်ဝန်ကြီးချုပ် ဟီရှမ်ကမ်ဒီးလ်က အမေရိကန်တို့အနေဖြင့် အစ္စလာမ်ဘာသာအား ဆော်ကားသည့် ဖြစ်ရပ်များအား တားဆီးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ယခုရုပ်ရှင်မှာ တမန်တော် မိုဟာမက်အား ဆော်ကားထားသည့်အတွက် လက်ခံနိုင်ဖွယ် မရှိကြောင်း၊ သို့သော်လည်း အကြမ်းဖက်သည့် နည်းဖြင့် တုန့်ပြန်သည်မှာမူ မှားယွင်းကြောင်း ဘီဘီစီ သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။
WRITTEN BY ရွှေလုံး အယ်ဒီတာ
SUNDAY, 16 SEPTEMBER 2012 02:34

Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network

No comments:

Post a Comment