Monday, 3 September 2012

မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် နေပြည်တော်၏ ပြန်ကြားမှုကို စောင့်မျှော်နေဆဲ

ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်ထရာသည် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိနေပြီး နေပြည်တော်မှ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေကြောင်း ထိုင်းအစိုးရအိမ်တော်နှင့် နီးစပ်သူတစ်ဦးကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြခဲ့သည်။
မစ္စယင်လပ်ခ်သည် မကြာမီကပင် မြန်မာသမ္မတဦးသိန်းစိန

်နှင့် အကြို ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် ဆီဟာဆက်ဖုန်ကာတက်ကော်နှင့် ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ (NESDB) အထွေထွေအတွင်းရေးမှူးချုပ် ဘာကွန်တမ်ပီတေလာပိုင်ဆစ်တို့လည်း မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်အပတ်က လာရောက်ခဲ့ကာ ၀န်ကြီးချုပ်၏ မူလက မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၃ မှ ၁၅ ရက်တွင် လာရောက်ရန်ရှိသော်လည်း စက်တင်ဘာ ၁၉ မှ၂၁ ရက်တွင် လာရောက်ရန် အချိန်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာ ပေါင်တိုဝီချက်ချိုင်းကူက သြဂုတ် ၂၆ ရက်က ပြောခဲ့သည်။

သို့သော် အစိုးရအိမ်တော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကို ကိုးကား၍ ထိုင်းအစိုးရသည်လက်ရှိအချိန်အထိ နေပြည်တော်အစိုးရထံမှ အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်း နေဆဲဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။

Ref: Reuters
7Day News Journal

No comments:

Post a Comment