News And Library
Fresh News And Some Knowledge For You
Wednesday, 1 August 2012
စစ်ခုံတရားရုံးအဖြစ် အသုံးပြုကာ ဂျပန်စစ်ဗိုလ်များအား သေဒဏ်ချမှတ်ခဲ့သည့် ရန်ကုန်မြို့တော်ခန်းမ အပေါ်ဆုံးထပ်အား နိုင်ငံတကာသို့ ထုတ်လွှင့်ပြသရန် ဂျပန် TBS မှလာရောက်ရိုက်ကူး
ဂျပန် TBS မှ ရန်ကုန်မြို့တော်ခန်းမ အပေါ်ဆုံးထပ်အား ရိုက်ကူးမှုပြုလုပ်ခဲ့မှုများ တွေ့ရစဉ်
ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး နောက်ပိုင်း ၁၉၄၆ ခုနှစ်က အင်္ဂလိပ်မဟာတပ်များက စစ်ခုံးတရားရုံးအဖြစ် အသုံးပြုကာ ဂျပန်စစ်ဗိုလ်များအား သေဒဏ်အမိန့်ချမှတ်ခဲ့သည့် နေရာဖြစ်သော ရန်ကုန်မြို့တော် ခန်းမ အပေါ်ဆုံးထပ်အား ဂျပန် ပြည်သူများနှင့် နိုင်ငံတကာသို့ အချိန် ၃ မိနစ်စာ သတင်းပုံစံမျိုးပြသရန် အတွက် ဂျပန် TBS (Tokyo Broadcasting Station) ဇူလိုင်လ
၂
၇ ရက် နေ့တွင် လာရောက်ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
“TBS က သတင်းပုံစံမျိုး ၃ မိနစ်စာ ဂျပန်ပြည်သူနဲ့ နိုင်ငံတကာကို ပြသထုတ်လွှင့်ပြသဖို့အတွက် လာရောက်ရိုက်ကူးတာ ဖြစ်ပါတယ်။ သူတို့က ပြန်ကြားရေးဝန်ကြီးဌာန က တစ်ဆင့် ဆက်သွယ်ပြီးလာတာပါ။ အဖွဲ့ကဂျပန် ၃ ပါပါတယ်။ JICA ကတစ်ဦး နဲ့ TBS က နှစ်ဦးပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှ ဌာနမှူးဦးလှမြင့်ဆွေက ပြောပြခဲ့သည်။
အင်္ဂလိပ် မဟာမိတ်တပ်များ မြို့တော်ခန်းမ အပေါ်ဆုံးထပ်တွင်
စစ်ခုံတရားရုံးအဖြစ် အသုံးပြုခဲ့စဉ်
၁၉၄၄ ခုနှစ် ဇူလိုင်လအတွင်း က ဂျပန်တပ်မ ၃၃ မှ စစ်ဗိုလ် ၁၄ ဦးက မော်လမြိုင်မြို့မှ ၁၀ မိုင်ခန့် ကွာဝေးသော ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းရွာရှိ ရွာသူရွာသားက ယင်းဒေသတွင် လှုပ်ရှားနေသော မြန်မာ့တော်လှန်ရေး ပျောက်ကျားတပ်သားများနှင့် ဗြိတိသျှလေထီး တပ်သားများကို အကူအညီပေးခဲ့သည်ဟု ဆိုကာ ရွာသား ၆၀၀ ကျော်ကို သတ်ခဲ့ပြီး အလောင်းများအား ရွာရှိရေ တွင်း
၂
၁ တွင်းထဲသို့ ပစ်ချခဲ့ကြောင်း သိရသည်။ ထို့နောက် အင်္ဂလိပ်တပ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ဂျပန်များသတ်ခဲ့သည့် ရွာသားများထဲမှ ထွက်ပြေးလွတ်မြောက် ခဲ့သူအချို့က ယင်းအဖြစ်အပျက်အား အင်္ဂလိပ်များအား ပြန်ပြောပြခဲ့ရာ အင်္ဂလိပ်တပ်တပ်များက ဂျပန်စစ်သား သုံ့ပန်းများအား ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ မည်သူများမှာ ရွာသူရွာသား ၆၀၀ ကျော်ကို သတ်ခဲ့သူများ ဖြစ်သည်ကို ရွာတွင် ကျန်ရှိသူများအား ကြည့်ခိုင်းကာ ရွေးချယ်စေခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ရွေးချယ်သည့်သူများထဲမှ စစ်ဗိုလ် ၄ ဦးကို သေဒဏ်နှင့် ကျန်ရှိသူများကို ထောင်ဒဏ်ချခဲ့သည့် အမိန့် ကို ရန်ကုန်မြို့တော်ခန်းမအပေါ် ဆုံးထပ်ရှိ စစ်ခုံတရားရုံးတွင် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ
၂
၈ ရက်နေ့တွင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် ဂျပန်စစ်တပ် များက ရေတွင်းကုန်းရွာရှိ ရွာသူရွာသားများအား သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ၎င်းတို့၏အမှားများကို သိရှိကာ ရွာတွင် မူလတန်းကျောင်း ဆောက်လုပ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ TBS က ဇူလိုင်လ
၂
၎ ရက် နေ့နှင့်
၂
၅ ရက်နေ့တို့တွင် ရေတွင်းကုန်းရွာသို့ သွားရောက် ရိုက်ကူးခဲ့သည်ဟု သိရသည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment