Friday, 24 August 2012

ဒုတိယမြောက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား တည်ဆောက်မည်

ထိုင်း မြန်မာနယ်စပ် မြ၀တီနဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာခင် တည်ဆောက်တော့မယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြပါတယ်။
Photo: RFA
ထိုင်း မြန်မာ နှစ်နိုင်ငံကြားက မဲဆောက်-မြ၀တီ ကုန်သွယ်တံတားသည် ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါလှသော တံတားတခု ဖြစ်သည်။ ဓါတ်ပုံ - RFA
လက်ရှိ ချစ်ကြည်ရေးတံတားမှာ အသေးစားနဲ့ အလတ်စား မော်တော်ယာဉ်တွေသာ သွားလာနိုင်ပြီး မကြာခင် တည်ဆောက်မယ့် ချစ်ကြည်ရေး တံတားသစ်မှာ တန် ၆၀ အထိ အကြီးစား မော်တော်ယာဉ်တွေ ဖြတ်သန်းနိုင်မယ်လို့ မြန်မာ ဆောက်လုပ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောဆိုပါတယ်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်လွင်ကလည်း ဆောက်လုပ်မယ့် နေရာကို သတ်မှတ်ပြီးပြီ ဖြစ်ကြောင်း၊ ၂၀၁၀ ဇွန်လက နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ အဆိုပြုခဲ့တဲ့နေရာ သုံးနေရာထဲက လက်ရှိ တံတားရဲ့ မြောက်ဘက် သုံးမိုင် အကွာနေရာကို ရွေးချယ်ထားကြောင်း ပြောဆိုပါတယ်။
RFA

No comments:

Post a Comment