Saturday, 18 August 2012

"ရွှေမန်းသဘင် တည်ထောင် နှစ် ၈ဝ ပြည့် အထိမ်းအမှတ် အဖြစ် ရန်ကုန်နှင့် မန္တလေးတို့တွင် သဘင် ဖျော်ဖြေပွဲကြီး ပြုလုပ်မည်ဟု ရွှေမန်းချမ်းသာပြော"

"၂ဝ၁၂ခုနှစ်က ရွှေမန်းသဘင်ကြီးရဲ့ နှစ်ပေါင်း ၈ဝ တိတိပြည့်တဲ့နှစ်ပါ။ အဘ ဦးဘိုးစိန် ရဲ့နှစ်၁၃ဝပြည့် ပွဲပြီးတဲ့ နောက်ပိုင်းမှာ ပရိသတ်တွေကရော၊ စတုတ္ထ မဏ္ဍိုင်ဖြစ် တဲ့ စာနယ်ဇင်း လောကကရော ရွှေမန်းပွဲကြီး ဖြစ်လာဖို့ တွန်းအားပေးကြတဲ့ အတွက် ၂ဝ၁၃ ခုနှစ်မှာ ရွှေမန်းသဘင်ကြီး လုပ်ဖို့ အတွက် ကမ်းလှမ်းသူတွေ လည်း ပေါ်လာပါပြီ။ ပွဲလုပ် ဖြစ်ဖို့ သေချာ သလောက် ရှိပါတယ်။ နောက် မန္တလေးက စီးပွားရေး လုပ်ငန်းရှင် သုံးဦးက လည်း လုပ်ချင်ကြောင်း ပြောတယ်။ ဦးချမ်းနဲ့ တင်မောင်ဆန်းမင်းဝင်း တို့စပြီး ဆွေးနွေးပါတယ်။ ပြီးတော့ ကိုကြီးကိုညွန့်ဝင်း နဲ့လည်း ဦးချမ်းတို့ ဆွေးနွေး ပါတယ်။ ကိုကြီးရဲ့ ခွင့်ပြုခွင့်က အရေးပါပါတယ်။ ကိုကြီးက လည်း လှိုက်လှို က်လှဲလှဲ ခွင့်ပေးပါတယ်။ တူလေး တွေဖြစ်တဲ့ ကျော်ကျော်ဗို၊ စည်သူဗို၊ သူရဗို၊ ရာဇာဗို၊ တူမလေးတွေ ဖြစ်တဲ့ မေတင်မောင်ဆန်းမင်းဝင်း တို့ပါကြ မယ့်အပြင် ဦးဘိုးစိန်ပွဲ မှာပါဝင်ခဲ့ကြတဲ့ အနုပညာရှင် များကိုလည်း ကမ်းလှမ်းမယ်လို့ စိတ်
ကူးပါတယ်။ စုပေါင်း ညီညာစွာနဲ့ အလင်္ကာကြီးကို ဂါရဝပြုကြ မှာဖြစ်ပါတယ်"လို့ ပီတိ စကားတွေနဲ့ ပြောလာတဲ့ သူကတော့ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ရဲ့သား အငယ်ဆုံးဖြစ်သူ သဘင် မင်းသားကြီး ချမ်းသာ ပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ရွှေမန်းတင်မောင် ရဲ့ ပြဇာတ်တွေကို လက်ရွေးစင်တွေ အဖြစ် ရွေးထုတ်ပြီး ခေတ်လူငယ်တွေ လည်း ကြိုက်အောင် မော်ဒီဖိုင်း လုပ်ပြီး တင်ဆက်ဖို့ စီစဉ် ထားကြောင်း အခုချိန်ကတည်း ကစပြီး အစီအစဉ်တွေ ဆွဲနေပြီ ဖြစ်ကြောင်း၊ စတိတ် အပြင် အဆင် ပိုင်းကိုတော့ သူနဲ့ အတူ ကိုမိုးမင်း၊ ကိုကျော်အောင်ထွန်း တို့က ပေါင်းပြီး လုပ်ကြမှာ ဖြစ်ကြောင်း၊ ဒီပွဲကြီးကို ကြက်သီးထအောင် စိတ်ပူသလို၊ ကြက်သီး ထအောင်လည်း စိတ်ဝင်စားနေကြောင်း၊ ဦးဘိုးစိန်ရဲ့ နှစ်၁၃ဝ ပြည့်ပွဲ ကြီး ရဲ့ စံနှုန်းကိုလည်း ပို၍ မီနိုင်အောင် ကြိုးစား သွားမှာဖြစ်ကြောင်း ချမ်းသာက ပြောပါတယ်။
"ပွဲရဲ့ အဖွင့်မှာတော့ ကိုကိုကြီးတွေက တွဲဖက် ပါဝင်ပြီးတော့ ကျန်တဲ့နေရာ တွေမှာ ဦးချမ်းတို့က အလင်္ကာရဲ့ သားတွေ၊ မြေးတွေ ဆိုပြီးတော့ ငါတို့နေရာ ကောင်းတွေ ယူမယ်ဆို တာမျိုး မဟုတ်ဘဲ နောက်ဆုံး ဖြတ်လျှောက် လေး ပဲဖြစ်ဖြစ် ဦးချမ်း ပါသင့်ရင်လည်း ပါ လိုက်မယ်။ ရှေ့တန်း တင် ရမယ့် မောင်ဟန်ဇာ ကိုတော့ အလင်္ကာကြီး ကခဲ့တဲ့ ဘယ်နေရာ၊ မောင်ဖိုးချစ်ကို ဘယ်နေရာ၊ မောင်စွမ်းကို ဘယ်နေရာ အဲဒီလိုလေးပေါ့။ ဇာတ်အိမ်၊ဇာတ် ကွက် ကြီးတွေ နဲ့ အကွက်ကျကျ လုပ်မယ်လို့ စိတ်ကူးထားတယ်" လို့ ပွဲမှာ ရှေ့တန်းတင်မယ့် သူတွေ အကြောင်း ကိုလည်း ချမ်းသာက ပြောပြပါ တယ်။ ရွှေမန်း သဘင်ပွဲကြီး ကိုတော့ ရန်ကုန်မြို့ရဲ့ အမျိုးသား ဇာတ်ရုံကြီးမှာ ၂ရက် ကျင်းပ ပြုလုပ်မှာဖြစ်ပြီး မန္တလေး အမျိုးသား ဇာတ်ရုံကြီး မှာလည်း ကမ်းလှမ်းထား သူများနဲ့ ညှိနှိုင်းပြီး ပြုလုပ်သွားဖို့ စီစဉ် ထားကြောင်း ချမ်းသာက ပြောပါတယ်။

လင်းအက္ခရာ
Popular Myanmar News Journal 

No comments:

Post a Comment