Sunday, 19 August 2012

မြန်မာသင်္ဘောသားများပါဝင်သည့် သင်္ဘော ချီလီရေတပ်ကယ်ဆယ်ခဲ့ရ

မြန်မာသင်္ဘောသားများပါဝင်သည့် ကုန်တင်သင်္ဘောတစ်စီးကို ချီလီရေတပ်မှ ကယ်ဆယ်ရေးအကူအညီများပေးခဲ့ရကြောင်းသိရသည်။

မြန်မာနှင့်ဖိလစ်ပိုင်သင်္ဘောသား စုစုပေါင်း ၂၄ ဦးပါဝင်သည့် ကုန်တင်သင်္ဘော MV Ocean Breeze သည် ချီလီနိုင်ငံ ဆန်အန်တိုနီယို ကမ်းခြေအနီးတွ
င် မုန်တိုင်းမိကာ သောင်တင်ခဲ့ခြင်းဖြစ်သည်။

"သင်္ဘောရဲ့ ကျောက်ဆူးကြိုးပြတ်သွားတာကြောင့် သင်္ဘောဟာ လှိုင်းနဲ့လေနောက် မျောပါနေတာကို ချီလီရေတပ်က ရဟတ်ယာဉ်တွေနဲ့အတော်ကြိုးကြိုးစားစားကယ်တင်လိုက်ရပါတယ်။ သင်္ဘောသားအများစုကတော့ ဖိလစ်ပိုင်လူမျိုးတွေပါ။ မြန်မာတွေလဲပါပါတယ်"ဟူ ချီလီရေကြောင်းဆိုင်ရာ အုပ်ချုပ်ရေးမှူး အော့စ်ဗယ်လ်ဒို ကက်စထြိုက သတင်းထောက်များအားပြောသည်။

သင်္ဘောသားများကို ဆန်အန်တိုနီယိုဆေးရုံသို့ သယ်ဆောင်ကာ စောင့်ရှောက်ကုသမှုများခံယူစေခဲ့သည်။ သင်္ဘောမှ ကပ္ပတိန်နှင့် သင်္ဘောသားတစ်ဦးမှာမူ ကိုယ်အပူချိန်ကျဆင်းနေခြင်းနှင့် သွေးတိုးနှုန်းမြင့်မားနေခြင်းကြောင့် ဆေးရုံဝယ်ဆက်လက်စောင့်ရှောက်ထားကြောင်းသိရသည်။

"သင်္ဘောသားတွေဟာ လန့်နေကြတာကလွဲပြီး ကြီးကြီးကျယ်ကျယ် ထိခိုက်ဒဏ်ရာရတာမရှိကြပါဘူး။ အားလုံးအခြေအနေကောင်းပါတယ်"ဟု ဆန်အန်တိုနီယိုဆေးရုံမှ ညွှန်ကြားရေးမှူး ကလော်ဒီယို ဘာနယ်လ်ကပြောပါသည်။

ဟောင်ကောင်အလံလွှင့်ထူထားသော ကုန်တင်သင်္ဘော MV Ocean Breeze သည် ဂျုံနှင့် ပဲပိစပ်များကိုတင်ဆောင်ကာ ပနားမားနိုင်ငံမှထွက်ခွာလာခြင်းဖြစ်ပြီး ချီလီဆိပ်ကမ်းသို့ သြဂုတ်(၁၅)ရက်နေ့ညပိုင်းတွင်ရောက်ရှိလာခဲ့ကြောင်းသိရသည်။

ref; BBC. Forbes, gCaptain
Popular Myanmar News

No comments:

Post a Comment