Tuesday, 21 August 2012

အစ္စလာမ် ဘာသာရေးအဖွဲ့ရဲ့ ကြေညာချက်


မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်သည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ကြေညာချက် တစောင်ထုတ်ပြန်ခဲ့တာကို ယမန်နေ့က နိုင်ငံပိုင် သတင်း မီဒီယာများတွင် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်လျှက် ရှိတာကို အစချီပြီး ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ ချဲ့ကားပြောဆိုထားမှုများကို နိုင်ငံလုံးဆိုင်ရာ အစ္စလာမ် အသင်းကြီးက လက်မခံကြောင်း ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်က မတည်ငြိမ်မှုများကို အကြောင်းပြုပြီး မြန်မာနိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အကြမ်းဖက်၊ ခြိမ်းခြောက်၊ အကျပ်ကိုင်မှုများ လုပ်ဆောင်သည့် မည်သည့် အဖွဲ့အ စည်းကို မဆို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက လုံးဝ ရှုတ်ချ ပါတယ်လို့ ဆိုထားပါတယ်။

နိုင်ငံတွင်နေထိုင်ကြသူ မတူညီသော သဘောထား၊ အယူအဆများကို မေတ္တာရှေ့ထား၍ ညှိနှိုင်း အဖြေရှာခြင်း နည်းဖြင့်သာ တရားဥပဒေဘောင်တွင်း တည်ငြိမ်စွာ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစ္စလာမ် ဘာသာရေးအဖွဲ့ များ၏ တာဝန်ရှိသူများ စုစုပေါင်း ၅ ဦး၏ လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာထားပါတယ်။
Irrawaddy Blog

No comments:

Post a Comment