Tuesday, 21 August 2012

စိုးသူ၏ ဂီတဖျော်ဖြေပွဲကို နှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထား




e7463
‘အဝေးတစ်နေရာ’ ဖျော်ဖြေပွဲ၌ စိုးသူနှင့် မေဆွိကို တွေ့ရစဉ်
သရုပ်ဆောင် အဆိုတော် စိုးသူ၏ဂီတဖျော်ဖြေပွဲကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည် ဟု သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲအတွက် အဆိုတော်စိုးသူနှင့် လိုအပ်သည့် ညှိနှိုင်းမှုများအား စတင်ပြုလုပ်နေပြီ ဖြစ်သည်ဟု သိရှိရသည်။
“စိုးသူရဲ့ဂီတဖျော်ဖြေပွဲလုပ်ဖို့ စီစဉ်နေပါတယ်။ ညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ ကိုစိုးသူဘက်ကလည်း မြန်မာနိုင်ငံမှာ လာရောက်ဖျော်ဖြေချင်တယ်လို့ အကြောင်းပြန်လာပါတယ်။ ဒါကြောင့် ဖျော်ဖြေပွဲလုပ်ဖို့ စီစဉ်နေပါပြီ။  ကိုစိုးသူက ဟိုမှာလည်း အလုပ်တွေရှိနေတာကြောင့် သူ့အလုပ်အား ရက်နဲ့ညှိပြီးတော့မှ လာဖြစ်မှာပါ။ ဒါကြောင့် နှစ်ကုန်ပိုင်းကို စီစဉ်ဖြစ်သွားတာပါ။ လောလောဆယ်က ရန်ကုန် မှာလုပ်ဖို့ အရင်စီစဉ်ထားပါတယ်။ အသေးစိတ်ကတော့ ထပ်ပြီးညှိနှိုင်းရပါဦးမယ်”ဟု ဖျော်ဖြေပွဲအား စီစဉ်လျက်ရှိသည့် ဦးပီးပေါ်က ရှင်းပြခဲ့သည်။

သရုပ်ဆောင်အဆိုတော် စိုးသူသည် အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံသို့ နှစ်ကုန်ပိုင်းတွင် လာရောက်ရန် စီစဉ်ထားကာ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုလည်း နှစ်ကုန်ပိုင်းတွင်ပင် ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
 EMG

No comments:

Post a Comment