"သိက္ခာဆယ် လူသတ်မှူ တွင် မိဘနှစ်ပါး ပြစ်မှုထင်ရှားကြောင်း တရားရုံးမှ ဆုံးဖြတ်"

ပြီးခဲ့တဲ့သောင်္ကြာနေ့က ဗြိတိန်နိုင်ငံ လန်ဒန် မြို့ရှိ တရားရုံးတစ်ခုက
ပါကစ္စတန်နိုင်ငံဖွား မိဘနှစ်ပါးကို သူတို့ရဲ့ဆယ်ကျော်သက်အရွယ်
သမီးဖြစ်သူအားသတ်မှူနဲ့ပြစ်မှူထင်ရှားသည်ကိုတွေ့ရှိရကြောင်း
ဆုံးဖြတ်လိုက်ပါတယ်။
ဒီဂျူရီဆုံးဖြတ်ချက်ချလိုက်တာဟာ ၁၇နှစ်အရွယ် ရှာ့ဖီလီယာကို
မိဘတွေက သူတို့ကိုအရှက်ခွဲတဲ့ အတွက် ပလပ်စတစ်အိပ်ကို
ပါးစပ် ပေါက်ထဲဆို့ပြီး သတ်ခဲ့တာပါ လို့ ညီမဖြစ်သူရဲ့
ထွက်ဆိုချက် နောက်ပိုင်းမှာ ဖြစ်ခဲ့တာပါ။
မိဘနှစ်ပါးဖြစ်သူ အစ်ဖ်တီခါနဲ့ ဖာဇာနာ အာမဒ် တို့ဟာ ၂၀၀၃မှာ
ကျူးလွန်ခဲ့တဲ့ ဒီလူသတ်မှူကြောင့် ထောင်ဒဏ် တစ်သတ်တစ်ကျွန်း
ကျခံရဘို့ရှိပါတယ်။
ချက်စ်တာ အရပ် ရှိ ဘုရင်မ တရားရုံးက သူတို့ရဲ့ ၂၀၀၃ က
ကျူးလွန်ခဲ့တဲ့ လူသတ် အလောင်းဖျောက်မှု ကို အခုမှ
ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့တာပါ။
ရှာ့ဖီလီယာ ရဲ့ (အခု ရွယ်ရောက်လာပြီဖြစ်တဲ့) ညီမဖြစ်သူ
အလီရှာက သူ့ရဲ့မိဘနှစ်ပါးက သူ့အစ်မကို ဆွဲခေါ်သွားပြီး
သိပ်မကြာခင်မှာဘဲ မိခင်ဖြစ်သူရဲ့
'''''''ဒီမှာဘဲ လက်စတုံးလိုက်ကြတာပေါ့'''''
လို့ပြောသံကိုကြားခဲ့ရ ပါတယ်လို့ တရားရုံးမှာ
ထွက်ဆိုခဲ့ပါတယ်။
ယမန်နှစ်ကဆိုရင် ဗြိတိသျှအာဏာပိုင်တွေအနေနဲ့ အလိုမတူဘဲ
မိဘက အတင်းအိမ်ထောင်ချပေးတဲ့ အမှု ရာပေါင်းများစွာ
ကိုစုံစမ်းခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအထဲ ကတစ်ချို့ အဖြစ်အပျက်တွေ မှာ မိန်းခလေး ဘက်က အိမ်ထောင်ပြုဖို့
ငြင်းဆန်မှုကြောင့်သော်လည်းကောင်း အနောက်ပိုင်းယဉ်ကျေးမှုကို
ပိုတန်ဖိုးထားလာခြင်းကြောင့်
သော်လည်းကောင်း မိသားစု အနေနဲ့သူတို့အသိုင်းအဝိုင်း
အလယ်မှာ အရှက်ကွဲသိက္ခာကျရတဲ့အတွက် သိက္ခာဆယ်
လူသတ်ခြင်းတွေဖြစ်လေ့ရှိတယ်လို့ဆိုထားပါတယ်။
ရှာ့ဖီလီယာ ဟာ အသက်ဆယ်နှစ် အရွယ်ကတည်းက
သူ့မိဘတွေရဲ့ တင်းကြပ်တဲ့ အုပ်ထိမ်းမှု အောက်မှာ
အနေမကျခဲ့ပါ။
သူမ ရဲ့ ကျောင်းတက်ဖော်တွေက သူကျောင်းကိုရောက်တာနဲ့
သူ့အိမ်က ဝတ်လာတာကို ချက်ချင်းလဲပစ် ပြီး ကျောင်းဆင်းလို့
သူ့မိဘတွေလာကြိုခါနီး မှာပြန်ဝတ်တယ်လို့ဆိုပါတယ်။
ကျောင်းလာတဲ့ တစ်ချို့ နေ့တွေမှာ သူ့အမေက သူ့ကိုအိမ်မှာ
ပါးနားရိုက်တဲ့အပြင် စိတ်မထင်ရင် မထင်သလို ပစ္စည်းများနဲ့
ကောက်ပေါက်ကြောင်း မျက်ရည်ပေါက်ပေါက်ကျပြီး
သူငယ်ချင်းတွေကို ရင်ဖွင့်လေ့ရှိပါတယ်။
သူမ အသတ်မခံရခင် တစ်နှစ် အလိုမှာ သူမ ရည်းစားရှိတာကို
အိမ်ကသိသွားပြီး အပြင်ထွက်ခွင့်ကို ထပ်ပြီးချုပ်ချယ်လိုက်တာမို့
သူမ ရဲ့အဆိုးဆုံး အချိန်လို့ပြောရမှာပါ။
၂၀၀၂ နိုဝင်ဘာနဲ့ ၂၀၀၃ ဇန်နဝါရီ လ အတွင်း သူ့ကျောင်းက
သူငယ်ချင်းတွေနဲ့ ကျောင်းဆရာမတွေကို သူ့အိမ်က
တိုးပြီးနှိပ်စက်မှုတွေရှိလာတယ်လို့ရှာ့ဖီလီယာက
ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် ဒီလောက်တိုင်ကြားထားတဲ့ကြားက လူမှုရေးဌာနက
သူ့ရဲ့တိုင်ကြားချက်အမှုတွဲကို ၂၀၀၂ ထဲက ပိတ်ထားလိုက်
ပြီဖြစ်ပါတယ်။
၂၀၀၃ ဖေဖော်ဝါရီလမှာတော့ ရှာ့ဖီလီယာဟာ သူ့အိမ်က
သူ့ကို ဆွေမျိုး တစ်ဝမ်းကွဲ တစ်ယောက်နဲ့ အတင်းပေးစားဖို့
လုပ်နေ တဲ့အတွက် သူ့ရည်းစားဖြစ်သူအကူအညီနဲ့ အိမ်က
ထွက်ပြေးလာပြီး သူကို့ လူမှုစောင့်ရှောက်ရေးဌာနက
ခိုလှုံစရာနေရာစီစဉ်ပေးဖို့ အဲဒီဌာနက အရာရှိတစ်ဦးကို
တင်ပြ တောင်းဆိုခဲ့ပါတယ်။
( အရာရှိက စီစဉ်မပေး ခဲ့ဘူးထင်ပါသည်။)
အဲဒီ လ အတွင်း မှာပဲ သူ့မိဘက သူမကို ပါကစ္စတန်ကို
အလိုမတူဘဲ မင်္ဂလာဆောင်ဖို့ ခေါ်သွားခဲ့ပေမယ့်
အဝတ်လျှော်ရာမှာသုံးတဲ့ အစွန်းချွတ်ဆေး သောက်ပြီး ဆန္ဒပြ
ငြင်းဆို ခဲ့တဲ့အတွက် အဲဒီအစီအစဉ်ဟာ ပျက်သွားခဲ့ရပါတယ်။
ရှာ့ဖီ ခမြာလည်း အဲဒီ အဆိပ်သောက်ခဲ့တဲ့ဒဏ်ကြောင့်
လည်ချောင်းမှာ ထိခိုက်သွားလို့ ဗြိတိန်နိုင်ငံပြန်အရောက်
ဆေးရုံတက်ပြီး အတော်လေး ကုလိုက်ရပါသေးတယ်။
ဆေးရုံက ဆင်းပြီး သိပ်မကြာပါဘူး သူမရဲ့ အနောက်တိုင်း
အဝတ်အစား (ဂျင်းဘောင်းဘီနဲ့ တီရှပ် စသဖြင့်) ဝတ်ဆင်မှု
ကိစ္စနဲ့ အိမ်မှာပြဿနာ ဆက်ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးမှာ တော့ "သူ့မိဘနှစ်ပါးဟာ သူမကို ရိုက်နှက်
နှစ်ယောက်သား ဝိုင်းချုပ်ပြီး သူမရဲ့ ပါးစပ်ထဲကို ပလက်စတစ်
အိပ်အဖြူပါးပါးတစ်ခုကို ထိုးသွတ်ထည့် ပြီးတော့ သူမ အသက်ပျောက် သွားတဲ့အထိ အတင်းအကြပ် ပါးစပ် နဲ့ နှာခေါင်းပေါက်တွေကို
သူတို့လက်တွေနဲ့ ပိတ်သတ်ခဲ့ပါတယ် " လို့ သူ့ရဲ့ကျန်ရစ်တဲ့
ညီမက ထွက်ဆိုခဲ့တာပါ။
အလိုမတူ အဓမ္မ အိမ်ထောင်ချ ပေးမှုတွေ ဟာ ဗြိတိန် နိုင်ငံအတွင်း
မုတ်စ်လင် အသိုင်းအဝိုင်းတွေမှာ အများဆုံး ပါဘဲ လို့ လည်း
သတင်းပို့ ထားပါတယ်။
ဗြိတိန်နိုင်ငံမှာ မုတ်စ်လင် တစ်သန်းနဲ့ရှစ်သိန်းကျော်
နေထိုင်လျှက်ရှိပါတယ်။
No comments:
Post a Comment