Friday, 31 August 2012

အလုပ်သမားဝန်ကြီး ဌာနက အလုပ်သမားရေးရာ ကိစ္စရပ်များ ရှင်းလင်း

အစိုးရ အလုပ်သမားဝန်ကြီး ဌာနက အလုပ်သမားရေးရာ ကိစ္စရပ်များ ရှင်းလင်းပွဲကို လှိုင်သာယာမြို့နယ် စက်မှုဇုန်မှာရှိတဲ့ ကနောင်ခန်းမမှာ ဒီကနေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီ ရှင်းလင်းပွဲကို လှိုင်သာယာ စက်မှုဇုန် အလုပ်သမား အဖွဲ့အစည်းတွေက

ခေါင်းဆောင်တွေ၊ အလုပ်ရှင်တွေ အပါအ၀င် ရန်ကုန် အခြေစိုက် IKO နိုင်ငံတကာ အလုပ်သမားအဖွဲ့ တာဝန်ရှိသူ Ross Wilson လည်း တက်ရောက်ခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင်ဆွေးနွေးပွဲ
မှာ အလုပ်သမား ဝန်ကြီးဌာန အလုပ်ရုံ၊ အလုပ်သမားဥပဒေ စိစစ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်း ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ကြဖို့ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ILO ကိုယ်စားလှယ် မစ္စတာ ရော့စ်က အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ယူမှု အကြောင်းတွေကို

ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို လှိုင်သာယာ စက်မှုဇုန်က အလုပ်သမား ကိုယ်စားလှယ် ၁ ရာကျော် တက်ရောက်ခဲ့ပါတယ်။
RFA 

No comments:

Post a Comment