Wednesday, 15 August 2012

စုပေါင်းဌားရမ်းသည့် ကျောင်းဆရာကကျောင်းသားအား ရိုက်၍တရားစွဲခံရ

 
ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် ကျုံဓမင်းကျေးရွာမူလွန်တွဲဘက်  အလယ်တန်းကျောင်းပဉ္စမတန်း တွင် ပညာသင်ကြားနေသော ကျောင်းသားမောင်ရဲသက်အောင်  (၁၃)နှစ်အား ကျုံဓမင်းကျေးရွာ ရှိ မူလွန်တွဲဘက် အလယ်တန်း  ကျောင်းတွင် ကျောင်းသားတစ်ဦး လျှင် တစ်လ ၃၅၀၀ကျပ်နှုန်းဖြင့် စုပေါင်းငှါးရမ်း၍ကျေးရွာခန့်ဆရာ  ဦးညွှန့်သက်လှိုင်(၃၀)နှစ်က ကလေး၏ခေါင်းနှင့်ကျောကုန်း အား ကော်ပိုက်လုံးဖြင့်ရိုက်၍၊ ဗိုက်အားခြေထောက်ဖြင့်စောင့် ကန်၍ ဇူလိုင်(၁၅)ရက်နေ့ ညနေ  (၄)နာရီခန့်က ဖျာပုံမြို့ဧရာဝတီ ဆေးခန်းသို့သွားရောက်ပြသခဲ့ရာ  ၎င်းဆေးခန်းမှ ဆရာဝန်ကြီးက  ဖျာပုံပြည်သူ့ဆေးရုံကြီးသို့ တက် ရောက်ရန် ညွှန်ကြားခဲ့သဖြင့်၊ဖျာပုံပြည်သူ့ဆေးရုံကြီးသို့တက်ရောက်  ဆေးကုသနေရပြီး၊မောင်ရဲသက် အောင်အား ဆရာတစ်ယောက် အနေဖြင့်ဒဏ်ရာအနာတရဖြစ် အောင် ရိုက်နှက်ခဲ့သော ဆရာ ဦးညွှန့်သက်လှိုင်အား
အရေးယူ  ပေးရန် ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်  နောက်ပြန်တို့ရဲစခန်းသို့သွားရောက် တိုင်ကြားခဲ့ရာ နောက်ပြန်တိုးရဲ စခန်းက တရားရုံးသို့ ဦးတိုက် လျှောက်ထားစွဲဆိုရန် ညွှန်ကြား သဖြင့် ဇူလိုင်(၂၆)ရက်နေ့က ဒေး ဒရဲမြို့နယ် တရားရုံးသို့ မိခင်ဖြစ် သူက လျှောက်ထားရာ ၂၀၁၂ခု နှစ်ပြစ်မှုကြီးအမှတ် ၁၉၆/ပြစ်မှု  ဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ဖြင့် လက်ခံကြားနာလျက်ရှိကြောင်းသိ ရသည်။
ဖြစ်ပွားပုံမှာ- ဦးညွှန့်သက် လှိုင်မှာ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်  ကျုံဓမင်းကျေးရွာ မူလွန်တွဲဘက် အလယ်တန်းကျောင်းတွင်ကျောင်း သားတစ်ဦးလျှင် (၃၅၀၀)ကျပ်ဖြင့်  စုပေါင်းငှားရမ်း၍ ကျေးရွာခန့် ဆရာတစ်ဦးဖြစ်ပါသည်။လွန်ခဲ့ သော ဇူလိုင်(၁၄)ရက်နှင့်(၁၅)ရက်  နေ့များတွင် ဆရာဦးညွှန့်သက်လှိုင်  မှတစ်နေ့နှစ်ကြိမ်ခွဲ၍ အချိန်ပို ခေါ်ယူသင်ကြားပေးခဲ့ရာ၊မောင် ရဲသက်အောင်နှင့်အခြားကျောင်း သား(၂၀)ဦးခန့်တက်ရောက်ခဲ့ပါ သည်။ဇူလိုင်(၁၅)ရက်နေ့ နေ့လည်  (၁၂)နာရီအချိန်ခန့်တွင် ကျောင်း   သားဖြစ်သူ မောင်ရဲသက်အောင် မှ ကျောင်းတက်ရာမှပြန်လာပြီး  ခေါင်းမူး၊ဗိုက်အာင့်ခြင်းကြောင့်  ပြန်လာခဲ့ကြောင်းပြောပြရာ၊ဘာ ဖြစ်လို့ခေါင်းမူး၊ဗိုက်အောင့်ရတာ လဲဟုမေးမြန်းရာဆရာဖြစ်သူမှ ခေါင်းနှင့်ကျောကုန်းအား ကော် ပိုက်လုံးဖြင့်ရိုက်၍ဗိုက်အားခြေ ထောက်ဖြင့်ကန်ကြောင်းပြောပြ တိုင်ကြားခဲ့၍သိရှိခဲ့ရသည်။ယခု ကဲ့သို့ရိုက်ကြောင်းအတန်းထဲမှ   ကျောင်းသားများလည်းသိကြပါ သည်။မောင်ရဲသက်အောင်မှာ အ ရိုက်ခံထားရသောဒဏ်ရာများမ သက်သာသဖြင့် ဇူလိုင်(၁၅)ရက် နေ့ ညနေ(၄)နာရီခန့်တွင် ဖျာပုံ  မြို့ ဧရာဝတီဆေးခန်းသို့သွား  ရောက်ပြသခဲ့ရာ၊ဆေးခန်းဆရာ ကြီးမှ ဖျာပုံမြို့ ပြည်သူ့ဆေးရုံ  ကြီးသို့တက်ရောက်ရန်ညွှန်ကြားသ ဖြင့် ဇူလိုင်(၁၅)ရက်နေ့တွင် ဖျာပုံ  မြို့ပြည်သူ့ဆေးရုံကြီးသို့တက်  ရောက်ကုသခဲ့ရပြီး၊ယခုထိဆေးခန်း  တွင် ဆေးကုသခံယူနေရကြောင်း သို့ဖြစ်၍ ကျောင်းသားဖြစ်သူ မောင်ရဲသက်အောင်အား ဆရာ တစ်ယောက်အနေဖြင့်ဒဏ်ရာ၊ အနာတရဖြစ်အောင်ရိုက်နှက်ခဲ့ သော ဦးညွှန့်သက်လှိုင်အား အရေးယူပေးရန် မိခင်ဖြစ်သူက ဒေးဒရဲမြို့နယ် တရားရုံးသို့ဦးတိုက်  လျှောက်ထားခဲ့သော အမှုဖြစ် သည်။

သောင်းညွှန့်(ဖျာပုံ)
Hot News Journal 

No comments:

Post a Comment