News And Library
Fresh News And Some Knowledge For You
Monday, 27 August 2012
၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအတွက် မြန်မာရုပ်ရှင်ဇာတ်ကား ၁၅ ကားကို စတင်စိစစ်ရန် ပြင်ဆင်
ပန်းကြာဝတ်မှုန် ဇာတ်ကားမှ ဇာတ်ဝင်ခန်း
၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်နိုင်ရန် စိစစ်အကဲဖြတ်မည့် မြန်မာရုပ်ရှင်ဇာတ်ကား ၁၅ ကားရှိပြီး မကြာခင်စတင်စိစစ်သွားရန် ပြင်ဆင်လျက်ရှိသည်ဟု သတင်း ရရှိသည်။ အဆိုပါရုပ်ရှင် ဇာတ်ကား ၁၅ ကားတွင် ဟာသဇာတ်ကား ၁၀ ကားပါဝင်ပြီး ဒရာမာဇာတ်ကား ငါးကားပါဝင်မည်ဟု သိရှိရသည်။
“အကယ်ဒမီ စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်တွေကိုလည်း ထပ်မံတိုးမြှင့်ဖို့ စီစဉ်နေပါတယ်။ ရုပ်ရှင်အနုပညာ ရှင်အတတ်ပညာရှင်တွေပါဝင်မှာဖြစ် သလိုရုပ်ရှင်လုပ်ငန်းပိုင်းကလည်းပါ ၀င်သွားမှာပါ။ အဓိကယကတော့ ရသင့်ရထိုက်တဲ့သူတွေရဖို့စိစစ်သွား မှာပါ။ ရှိထားပြီးသား စည်းမျဉ်းစည်းကမ်းတွေကို အခြေခံပြီးအကောင်းဆုံး ရွေးချယ်မှာပါ။ အရင်နှစ်တွေက ဒီအချိန်ဆိုစတင်စိစစ်နေပါပြီ။ အခု နှစ်ကိုလည်းအမြန်ဆုံးစတင် စိစစ်တော့မှာပါ”ဟုရုပ်ရှင်လုပ်ငန်းမှ တာ ၀န်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
“အကယ်ဒမီချီးမြှင့်မယ့် ပုံစံ ပြောင်းလဲမယ်လို့လည်း ကြားနေရပါတယ်။ တိတိကျကျတော့ မသိရ သေးပါဘူး။ ရုံတင်ပြသတဲ့အချိန်နဲ့ အကယ်ဒမီ ဆုချီးမြှင့်တဲ့အချိန်ကွာဟ နေတဲ့အတွက် အနီးစပ်ဆုံးဖြစ်အောင် ပြုပြင်ယူမယ်လို့ သိရပါတယ်”ဟု နေတိုးက ပြောပါသည်။
၂၀၁၁ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်နိုင်ရန် စိစစ်အကဲဖြတ်ရမည့် မြန်မာရုပ်ရှင်ဇာတ်ကားများမှာ လပ်ကီးဆဲဗင်းရုပ်ရှင် ထုတ်လုပ်ရေးမှ ‘ဟော့ရှော့ ၃’ ဇာတ် ကား၊ ‘အလန်းဇယား’ ဇာတ်ကား၊ ဖြိုးနဲ့မင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ‘ငါ့နှမလေးပွသွားပြီ’ ဇာတ်ကား၊ ကမ်းထရီးစတား ရုပ်ရှင်ထုတ်လုပ်ရေး မှ ‘လာထားအာဘွား’ဇာတ်ကား၊ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ‘အိုင်လပ်ဗ်ယူ’ ဇာတ်ကား၊ လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ‘ဖလန်း ဖလန်းဖြစ်တဲ့အချစ်’ ဇာတ်ကား၊ တော်ဝင်ပတ္တမြား ရုပ်ရှင်ထုတ်လုပ်ရေး မှ ‘အားလုံးက ဟော့မှကြိုက်တယ်’ ဇာတ်ကား၊ ရာမညရုပ်ရှင်ထုတ်လုပ် ရေးမှ ‘ချောကလက်ဘေဘီ’ဇာတ် ကား၊ ဖီးနစ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ‘ချိန်း’ ဇာတ်ကား၊ ကြောင်ကမ္ဘာရုပ် ရှင်ထုတ်လုပ်ရေးမှ ‘၀ဋ်ကြွေး’ဇာတ် ကား၊ ရီမြင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ‘ထာဝရအလင်းတန်းများ’ ဇာတ်ကား၊ ဆောင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ‘ချစ်ပန်းဝေ’ ဇာတ်ကား၊ လပ်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေးမှ ‘အမွှေဇယား’ ဇာတ်ကား၊ သရ၀ဏ်ရုပ်ရှင် ထုတ်လုပ်ရေးမှ ‘ရင်ကွဲနာ’ဇာတ်ကား၊ ချင်းတွင်းရုပ်ရှင် ထုတ်လုပ်ရေးမှ ‘ပန်းကြာဝတ်မှုန်’ ဇာတ်ကားတို့ ဖြစ်ကြသည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်နှစ်နှစ် ပေါင်းကာလအတွက် တစ်ပါတည်းဆု ရွေးချယ်ချီးမြှင့်ရန်မူလက သတ်မှတ် ထားသော်လည်း ယခုအခါ၂၀၁၁ ခုနှစ်အတွက်သာ ဦးစွာစိစစ်ရန်ပြင်ဆင် နေခြင်းဖြစ်သည်ဟု သိရှိရသည်။
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment