ကျောင်းတော်ရာ ငါးစာကျွေးဆိပ်ဖွင့်ပွဲ လာရောက်ကြသူများ
ဝါဆို ၀ါခေါင် ရေဖောင်ဖောင်ဆိုသည့်အတိုင်း ဧရာဝတီမြစ်က သူ့ကျောပြင်မှ
အမာရွတ်လို သောင်ခုံတွေကို သူ့လှိုင်းတွေနဲ့ ပြန်ငုံထားဖို့
ကြိုးစားနေသယောင်။ ဧရာဝတီတံတား(မကွေး)ပေါ်မှ မြစ်အထက်ဘက် စန္ဒကူးနံ့သာ
ကျောင်းတော်ရာ စေတီတော်တည်ရှိသည့် မုန်းချောင်းဝ ဆီမျှော်ကြည့်ရင်း
ဆိုင်ကယ်ကို လီဘာတင်းတင်း ဆွဲထားမိသည်။ ကိုယ်က ဆိုင်ကယ်တွေကားတွေကို
ကျော်တက်လိုက်၊ ဆိုင်ကယ်တွေကားတွေက ကိုယ့်ကို ကျော်တက်လိုက်နှင့်
မကွေး-မင်းဘူး-လယ်ကိုင်းလမ်းမကြီးတစ်လျှောက် ဧရာဝတီမြစ်ရေစီးနှင့်
ဆန့်ကျင်ဘက်လား ရာမှ ယှဉ်လျက် ယာဉ်စီးတန်းကြီး တစ်ခုဖြစ်ပေါ်နေတော့သည်။
ယာဉ်ကိုယ်စီ၏ လားရာမှာတော့ နှစ်စဉ်နှစ်တိုင်း ၀ါဆိုလပြည့်နေ့တွင်
ဖွင့်လှစ်လေ့ရှိသည့် ကျောင်းတော်ရာ ငါးစာကျွေးဆိပ်ဖွင့်ပွဲဆီသို့
ဖြစ်ပါသည်။
No comments:
Post a Comment