၈-၈-၈၈ (၂၄)နှစ်မြောက် အခမ်းအနားကို မကွေးမြို့ မဲထီးလမ်း မင်းကျောင်းတိုက်တွင် သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်စဉ်
အမေ ကျွန်တော့်ကိုမွေးတော့ ၁၉၇၄ ဦးသန့် အရေးအခင်း အပြင်းထန်ဆုံး
ဒီဇင်ဘာလ။ အဖေက အမေ ရှိရာ တာမွေကန်တော်ကြီးနားက တစ်ခုတည်းသော
အလုပ်သမားဆေးရုံသို့ လှိုင်ဘူတာရုံလမ်းကနေ နေ့တိုင်း စွန့်စွန့်စားစား
လာရသည်။ အမေကလည်း ဆေးရုံပေါ်မှာ ကျွန် တော့်ကို မွေးထုတ်ဖို့ ကြိုးစားဆဲ။
ပြင်ပမှာလည်း သေနတ်သံက တညံညံ။ ဒီလိုခေတ်ပျက်ကြီးထဲမှာ ကျွန်တော့်ကို
မွေးခဲ့ရခြင်းဖြစ်တော့ အမေက မောင်နှမတွေနဲ့ မိသားစုဝင်တွေဆုံတိုင်း
ဟိုတုန်းကအကြောင်း စကားစပ်မိရင် ကျွန်တော်မွေးတုန်းက ဘယ်လိုဒုက္ခရောက်တာကို
ပြန်ပြောင်း၍ ပြောလေ့ရှိသည်။
No comments:
Post a Comment