Tuesday, 7 August 2012

ရှစ်လေးလုံး ၂၄နှစ်ပြည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မန္တလေးတွင်ကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၇

မြန်မာ့သမိုင်းတွင် အထင်ကရ မှတ်တိုင် တစ်ခုဖြစ်သော ၁၉၈၈ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ဖြစ်သော (၂၄) နှစ်မြောက် ငွေရတု အကြို ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို မြန်မာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မန္တလေးမြို့တော်တွင် ပူးပေါင်း ကျင်းပသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်း သား ခေါင်းဆောင် ကိုမြအေးက ပြောကြားသည်။
ရန်ကုန်မြို့ရှိ (၈၈) ကျောင်းသားများနှင့် မန္တလေးမြို့ရှိ (၈၈)ကျောင်းသားများက ရှစ်လေးလုံး ငွေရတု အကြို အခမ်းအနား ဖြစ်မြောက်ရေး အတွက်လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မန္တလေးမြို့တော် ဘုရားကြီး အလယ်တိုက်ကြီး၊ ဒက္ခိဏာ ရာမ ကျောင်းတိုက်၌ ကျင်းပမည့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန် အပါအဝင် ဒေသ အသီးသီး မှ လာရောက် ပူးပေါင်းလျက် နိုင်ငံလုံး ဆိုင်ရာ အခမ်းအနား အဖြစ် ကျင်းပမည် ဖြစ်ကြောင်း ၁၉၈၈ လှုပ်ရှားမှုကို ဖြတ်သန်းခဲ့ကြသော ရဟန်းရှင်လူ ပြည်သူ အများဖြင့် ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသား အချို့ထံမှ စုံစမ်း သိရှိရသည်။

နယူးယောက်မြို့ရှိ မြန်မာများက ပြည်ပတွင်လည်း ရှစ်လေးလုံး အခမ်းအနားများ ကျင်းပမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ရပ်စဲရေး၊ ကျန်ရှိနိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးနှင့် တင်း ပြည့်ကျပ်ပြည့် ဒီမိုကရေစီ စနစ် ပေါ်ပါက်ရေးကို ရှေ့ရှုပြီး နယူးယောက် ရှိ ၈၈ မျိုးဆက် ကျောင်းသား များနှင့်မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံ အားပေးသူများ စုပေါင်း၍ ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနားကို နယူးယောက်မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန် ထားချက်အရ သိရ သည်။
The Voice Weekly

No comments:

Post a Comment