Monday, 27 August 2012

အင်းစိန်ဆေးရုံမှ အကျဉ်း သားတစ်ဦး ထွက်ပြေးလွတ်မြောက်

အင်းစိန် အကျဉ်းထောင်တွင် မူးယစ်ဆေးဝါး အမူဖြင့်ထောင် ဒဏ် ၁၂နှစ်ကျခံနေရသော တရားခံ တစ်ဦး ဩဂုတ်လ ၂၆ ရက်နံနက် ၆ နာရီခန့်ကထွက်ပြေးလွတ်မြောက် သွားကြောင်း အကျဉ်းဦးစီးဌာနမှတာဝန် ရှိသူ တစ်ဦး က အတည် ပြုပြော ကြားလိုက်သည်။

''ဟုတ်ပါတယ်။မူးယစ်ဆေးဝါးအမူန

ဲ့ကျခံနေ ရတဲ့သူတစ်ဦးဖြစ် ပါတယ်။မနေ့ကနံနက် ၆နာရီ လောက်ကနေ အင်းစိန် ဆေးရုံက ထွက်ပြေး သွားတာဖြစ်ပါတယ်။သူက ထောင်၁၂နှစ်ကျခံထားရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ရဲလုံခြုံရေး ယူထား တဲ့ ကြားကနေ ထွက်ပြေးသွားတာဖြစ်ပါ တယ်''ဟု ယင်းကအ တည်ပြု ပြော ကြား သည်။

လွှတ်မြောက် သွားသူမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ်နေသူတစ်ဦး ဖြစ်ပြီး ၎င်းသည် မကြာ သေးခင်ကမူးယစ်ဆေးဝါးအမူဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံးက ရာကြီး အမှတ် ၄၈၃/၁၂ မူးယစ် ပုဒ်မ ၁၅/ ၁၆ (ဂ)ဖြင့် ထောင်ဒဏ် ၁၂ နှစ် ပြစ် ဒဏ်ကျခံစေရန်အမိန့်ချမှတ် ခံခဲ့ရသူတစ်ဦး ဖြစ်ကြောင်း သိရ သည်။


ယင်းသည် ထောင်အတွင်း နေထိုင်စဉ် ကျန်းမာရေး ချို့ယွင်း လာသဖြင့် ကျောက်ကပ်နှင့်ဆီးချို ရောဂါကို ကုသရန် အင်းစိန် ဆေးရုံတွင် ကုသခံ နေရသော လူနာတစ်ဦးဖြစ်ကြောင်း သိရသည်။

''သူကိုကျန်းမာရေးကြောင့်ဆေးကုသရမယ့် အတွက် အင်းစိန် ဆေးရုံမှာ တာဝန်ကျလုံခြုံရေး ၃ယောက်က စောင့်ကြပ်ပြီး ဆေးကုသခွင့်ပေး ခဲ့ပါတယ်။ဒါကို အခွင့်ကောင်းယူပြီး ကုတင်သံတိုင် နဲ့သူ့ ခြေထောက် ကို သံကြိုးတွေ နဲ့ချည်နှောင်ထားတဲ့ ကြားကနေ ထွက်ပြေး သွားတာဖြစ်ပါတယ်။ တရားခံကို ပြန်လည် ဖမ်းဆီးနိုင်ဖို့ အတွက် အဓိ ကကျတဲ့နေရာတွေ ကိုလိုက်လံစုံစမ်း နေပါတယ်'' ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦး ကပြောသည်။

ယခုအခါ အဆိုပါအမူ ကိုအင်းစိန်ရဲစခန်းမှ (ပ)၁၁၉၇/၁၂ ပုဒ်မ ၂၂၄ ဖြင့်အမူဖွင့်ကာစစ်ဆေး နေကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment