Monday, 16 July 2012

ဂျပန်ရေကြီးမှုအတွင်း လူ ၃၀ နီးပါးသေဆုံးခဲ့ပြီး လူလေးသိန်းခန့်ကို ရွှေ့ပြောင်းရန် ညွှန်ကြား




ကျူရှူးကျွန်းရှိ ကူမာမိုတိုမြို့တွင် ရေလွှမ်းမှုကြောင့် ပျက်စီးနေမှုကို တွေ့ရစဉ်
ဂျပန်အနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသည့် သုံးရက်မြောက်ရှိလာသော ဇူလိုင်လ ၁၄ ရက်တွင် သေဆုံးပျောက်ဆုံးသူ ၃၀ ဦးအထိ ရှိလာပြီး လူလေးသိန်းခန့်ကို နေရာရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း တာဝန်ရှိသူများနှင့် မီဒီယာများက ဖော်ပြခဲ့သည်။
နိုင်ငံတောင်ပိုင်းရှိ ကျူရှူးကျွန်းစုတွင် ဇူလိုင်လ ၁၄ ရက်၌ တစ်နာရီလျှင် မိုးရွာသွန်းမှု ၁၁ စင်တီမီတာ (၄ ဒသမ ၃လက်မ)အထိ စံချိန်တင် ရွာသွန်းခဲ့ပြီး မြေပြိုမှုများ၊ ရေကြီးမှုများ ထပ်မံဖြစ်ပွားနိုင်ကြောင်း ဂျပန်မိုးလေ၀သနှင့် ဇလဗေဒဌာနက သတိပေးခဲ့သည်။

မြောက်ပိုင်းရှိ ကျွန်းစုများတွင်လည်း မြစ်ရေလျံမှုများ ပိုမိုဖြစ်ပွားခဲ့ပြီး လူ ၂၆၀၀၀၀ ခန့်ကို ရွှေ့ပြောင်းမှုပြုလုပ်ရန် ညွှန်ကြားထားကြောင်း ကျူရှူးကျွန်းရှိ ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
ရေကြီးမှု ရှောင်လွှဲနိုင်ရန်အတွက် ကျူရှူးကျွန်းရှိ ရေကြီးမှုဒဏ်ခံရ သောစီရင်စုလေးခုမှ လူ ၁၄၀၀၀၀ နီးပါးကို နေအိမ်များမှ စွန့်ခွာကြရန် ညွှန်ကြားထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သေဆုံးသူအရေအတွက်မှာ ၂၀ အထိ ရှိနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူ ၁၉ ဦးမှာ အာဆိုမြို့ထဲနှင့် ယင်းမြို့အနီး ဖြစ်ပွားခဲ့သော မြေပြိုမှုများနှင့် အိမ်ပြိုမှုများအတွင်း သေဆုံးခဲ့ဖွယ်ရှိကြောင်း သိရသည်။
အိုအီတာစီရင်စုရှိ ယာမာကူနီမြစ်တစ်လျှောက် မြစ်ရေစံချိန်တင်မြင့် တက်ခဲ့သည်။ ဖူကူအိုကာစီရင်စုတွင် မြေပြိုမှု ၁၈၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒေသခံ ၇၈၆၀၀ ဦးကို ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
Ref:AFP
EMG

No comments:

Post a Comment