Saturday, 14 July 2012

စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် ဦးဆောင်ဦးရွက်ပြုရန် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်ကိုယ်စားလှယ်များလျာထား

စီးပွားရေးအရေးယူပိတ်ဆို့မှု များ အပြီးတိုင် ရုပ်သိမ်းရေးအတွက် ဦးဆောင်ဦးရွက်ပြုရန် ဒေါ်အောင် ဆန်းစုကြည်အား လွှတ်တော်ကိုယ် စားလှယ်များ တိုက်တွန်းထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျာ
း ၏ ပြောကြားချက်အရ သိရသည်။
''တိုက်ရိုက်ကြီး ဒေါ်အောင် ဆန်းစုကြည်ကို ဦးဆောင်ဦးရွက်ပြု ဖို့ ပြောတာမျိုးမဟုတ်ပေမယ့် အဓိပ္ပာယ်ကတော့ ဒီသဘောပါပဲ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦသူရရွှေမန်းလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး စကားပြောပါတယ်၊ မြန်မာ နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ် တယ်လို့ ယူဆရင် ပူးပေါင်းလုပ် ဆောင်မှာပါ၊ အန်တီကတော့ မူအားဖြင့် သဘောတူထားပါတယ်'' ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ပြည်သူ့လွှတ်တော်အစည်းအ ဝေးရှစ်ရက်မြောက်နေ့တွင် လွှတ် တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု တင်သွင်းသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူ မှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်း ဖြင့် ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို တင် သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြသည်။ ဦးဌေးမြင့်၊ ဦးဝင်းသန်း၊ ဒေါ်ခင်စောဝေ၊ ဦးနိုင်ငံလင်း၊ ဦးစိန်ဝင်း၊ ဦးကြည် မြင့်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
‘Sanction က စီးပွာရေးလုပ် ငန်းတွေကိုကြီးပဲ ထိတာမဟုတ်ဘူး၊ အလုပ်သမားတွေကိုပါ ထိတာ နောက် ပြီး အခု မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲမှုတွေကို အားရကျေနပ်လို့ မနေ့ ကပဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုပေးလိုက်တယ်၊ ဒါက ဟိုကပဲ လာပြီးတော့ ဒီမှာ စီးပွားရေးလုပ်ကြ၊ ဒီကလူတွေ ဟို ကိုမလာနဲ့ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ် လေ၊Fair Competition မဖြစ်ဘူး ပေါ့၊ ဒီက အလုပ်သမားတွေနဲ့ ဆက် စပ်သူတွေ အားလုံးနစ်နာပါတယ်၊ လုပ်ခလစာတွေနည်းတာ ဒီကပစ္စည်း တွေ ဟိုဘက်မှာ သွားရောင်းလို့မရ တာတွေက နိုင်ငံတော်ဖွံ့ဖြိုးမှုအ တွက် အတားအဆီးတစ်ခုအနေနဲ့ ဖြစ် နေတယ်၊ ဒါကြောင့် ဝင်ဆွေးနွေး တာပါ'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်က ပြော သည်။
အမေရိကန်အပါအဝင် နိုင်ငံတကာမှ စီးပွားရေးအရေးယူပိတ်ဆို့ မှုများ ဖြေလျော့ပေးလျက်ရှိနေသော် လည်း ပိတ်ဆို့မှုများအပြီးတိုင် မရုပ်သိမ်းသေးသည့်အတွက် တိုင်းပြည် အတွင်းရှိ ပြည်သူများဆင်းရဲဒုက္ခ ရောက်ပြီး လူမှုစီးပွားရေးဘဝအဆင့် အတန်း နိမ့်ကျနေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်းစည်းလုံး ညီညွတ်ပျက်ပြား၍ ပဋိပက္ခဖြစ်စေပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင်လည်း အခက်အခဲအဟန့်အတာများ ဖြစ်ပေါ် စေကြောင်း၊ ထို့ပြင် ယခုကဲ့သို့ ကန့် သတ်အရေးယူပိတ်ဆို့ထားမှုများ သည်။ မြန်မာနိုင်ငံတွင် ပြောင်းလဲ ကျင့်သုံးနေသည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင်များစွာ အခက်အ ခဲ အဟန့်အတားများဖြစ်ပေါ်စေသော ကြောင့် ယင်းအဆိုကို လွှတ်တော် ကအတည်ပြုသဘောတူကြောင်း ကြေညာခဲ့သည်။
Messenger News Journal

No comments:

Post a Comment