Sunday, 29 July 2012

တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှ ရခိုင်ပြည် လယ်သမားများကို ကန် ဒေါ်လာ ငါးသောင်း ထောက်ပံ့

မြန်မာနိုင်ငံအနောက်ဘက် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်သို့ ဆက်သွယ်မည့်တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းတည်ဆောက်ရေး
ကုပ္မဏီမှ ရခိုင်ပြည်နယ်တောင်သူလယ်သမားများအတွက် အမေရိကန် ဒေါ်လာ ငါးသောင်းထောက်ပံ့ပေးခဲ့ကြောင်းယင်းပိုက်လိုက်စီမံကိန်းမှ ပြန်ကြားရေးဌာနက The Voice Weekly သို့
ပြောကြားသည်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း ကုမ္ပဏီ လီမီတက်နှင့်
အရှေ့တောင်အာရှ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ လီမီတက်တို့
ပူပေါင်းကာ ထောက်ပံ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လိုအပ်နေသော
စားဝတ်နေရေး အခက် အခဲများ အထောက်ကူ ဖြစ်စေရန်အတွက် ထောက်ပံ့ခြင်းဖြစ်ပြီးရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းအထက်ပါ ပြန်ကြားရေးဌာနက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းလယ်မြေ ဧကများစွာကို အလျော်ပေးကာ သိမ်းယူသော်လည်း လျော်ကြေးမရရှိသေးသောလယ်ဧကများစွာ ကျန်ရှိနေသေးကြောင်း လျော်ကြေးမရရှိသေးသော အမ်းမြို့ဒေသခံများ ထံမှ သိရသည်။
Voice Weekly Journal

No comments:

Post a Comment