Wednesday, 11 July 2012

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိစ္စရပ်များဆိုင်ရာ သတင်းစာရှင်းလင်းပွဲပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်သည် မိမိအနေဖြင့် ယခု ကျင်းပလျှက်ရှိသော လွှတ်တော်အတွင်း အဆိုတင်သွင်းဦးမည်မဟုတ်သေးကြောင်း၊ အခြားသော လွှတ်တော်ကိုယ်စားလှယ်များတင်သွင်းသော အဆိုများကိုလည်း ထောက်ခံဆွေးနွေးရန် မရှိသေးကြောင်း ယနေ့ ဇူလိုင်လ ၁၁ ရက် ညနေ ၃ နာရီခွဲက ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမဘေးတွင်
ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
၎င်းအနေဖြင့်အဆိုတင်သွင်းဖြစ်လျှင်လည်း ပညာရေးနှင့်ပတ်သက်သော အဆိုကိုတင်သွင်းဖြစ်မည်ဟု ပေါ်ပြူလာနယူးစ်၏
မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သလို ကော့မှူးမြို့နယ်နှင့်
ပတ်သက်သောအဆိုကိစ္စတင်သွင်းရန်မရှိသေးကြောင်း မီဒီယာများ၏မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သည်။
ကျင်းပလျှက်ရှိသော လွှတ်တော်နှင့် တင်သွင်းမှု
အဆိုပြုမှုများနှင့်ပတ်သက်၍ လွတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မေးမြန်းပြီးသားထပ်နေသော မေးခွန်းများကို
ပြန်မမေးရန် သတိထားလုပ်ဆောင်ဖို့လိုအပ်ကြောင်း မိမိပါတီမှ ကိုယ်စားလှယ်များ၏တင်သွင်းမှု ၊ထောက်ခံဆွေးနွေးမှုများကိုလည်း ကြည့်ရှုပေးနေသည့်
အခြေအနေရှိကြောင်းပြောသည်။
လစ်လပ်လျှက်ရှိသော ဒုတိယသမ္မတနေရာနှင့်
ဝန်ကြီးများအပြောင်းအလဲနှင့် ပတ်သက်၍ မေးမြန်းမှုကို ““ ကောင်းမယ်ထင်လို့ပြောင်းတာပဲထင်ပါတယ်လေ၊
လက်ခံရမှာပေါ့”” ဟု ဖြေကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
ဇူလိုင်လ ၉ ရက်မှ စတင်၍ လွှတ်တော်တက်ရောက်ပြီး ၃ ရက်အကြာတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲလည်းဖြစ်သည်

No comments:

Post a Comment