Friday, 13 July 2012

"သမ္မတဦးသိန်းစိန် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့ တွေ့ဆုံ"

သမ္မတဦးသိန်းစိန် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့သည် ယနေ့ (ဇူလှိုင် ၁၃ ရက်)မွန်းလွဲပိုင်းက ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ မြို့တွင် တွေ့ဆုံခဲ့ကြသည်။

ယမန်နှစ် ဒီဇင်ဘာ ၁ ရက်က နေပြည်တော်၌ ၎င်းတို့ နစ်ဦးပထမဆုံးတွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာ ပိုမိုကောင်းမွန် လာခဲ့သည်။

အမေရိကန်သည် မြန်မာနှင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းသံတမန်ဆက်ဆံရေးတိုးမြင့်သည့်အနေဖြင့် ယခင်မြန်မာနိုင်ငံ၏မူဝါဒရေးရာ ညှိနှိုင်းရေးမှူး၊ သမ္မတအိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ်ဖြစ်သူ အာရှရေးရာကျွမ်းကျင်သူဒဲရစ်မစ်ချယ်အား ယခုနှစ် ဇူလှိုင် ၁၁ ရက်က မြန်မာနိုင်ငံဆိုင် ရာ သံအမတ်ကြီး အဖြစ် ခန့် အပ်ကာ တိုးမြင့် ဆက်ဆံခဲ့သည်။


ထို့အပြင် မြန်မာနိုင်ငံအပေါ်စီးပွားရေးအရ ပိတ်ဆို့ အရေးယူများအား ဇူလှိုင် ၁၂ ရက်ကရုပ်သိမ်းလိုက်ပြီး အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံမှုပြုရန်တိုက်တွန်းခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ကမ္ဘောဒီးယား နိုင်ငံသို့ ဒုတိယအကြိမ်ဖြစ်သွားရောက်ခြင်းဖြစ်သည်။

ယခုနှစ် မတ် ၂၁ ရက်က သံအမန်ဆက်ဆံရေးနှစ် ၆၀ ကျော်ရှိပြီဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံသို့ ပထမဆုံးအကြိမ် ၎င်းသွားရောက်ခဲ့ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်နှင့်တွေ့ဆုံစဉ်နှစ်နိုင်ငံဘက်ပေါင်းစုံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး အရှိန်မြင့်တင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးချုပ် ဟွန်ဆန်သည် ယမန်နှစ် ဒီဇင်ဘာ က မြန်မာက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပ ခဲ့သည့် GMS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်ပြီး သမ္မတ နှင့် တွေ့ ဆုံခဲ့သေးသည်။

လက်ရှိတွင် ကမ္ဘောဒီးယားသည် ဒေသဆိုင်ရာ အာဆီယံ အဖွဲ့ ၏ ဥက္ကဌ ဖြစ်ပြီး ၂၀၁၄ တွင် မြန်မာက ဥက္ကဌဖြစ်လာမည် ဖြစ်သည်။
Popular Myanmar News

No comments:

Post a Comment