Monday, 23 July 2012

မြန်မာအစိုးရနှင့်ထိုင်းနိုင်ငံ ကြားစာချွန်လွှာ ၃ခု လက်မှတ်ရေးထိုး

ဘန်ကောက် ဇူလိုင် ၂၃

ထိုင်းနိုင်ငံသို့ သမ္မတ ခရီးစဉ်အဖြစ် ပထမဆုံးရောက်ရှိလာသော မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်တို့သည် ဘန်ကောက်မြို့ရှိ အစိုးဧည့်အိမ်တော်တွင် တွေ့ဆုံမှူအပြီး မိနစ်ပိုင်းတွင် မြန်မာနှင့် ထိုင်းနိုင်ငံကြား နာမည်ကျော် ထားဝယ်အထူးစီးပွားရေးဇုံနှင့်သက်ဆိုင်သော စီမံကိန်း ကိုလက်တွဲ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာအပါဝင် စာချွန်လွှာ ၃ ခု ကို လက်မှတ်ရေးထိုးခဲ့ ကြသည်။

အခြား စာချွန်လွှာ ၂ခုမှာမြန်မာ - ထိုင်း အစိုးရတို့ အကြား မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာနှင့် စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ပြီး ထားဝယ် ရေနက်စီမံကိန်းသည် ယခင် အီတာလျံထိုင်းနှင့် ကိစ္စမှာ ပျက်ပျယ်သွားပြီ ဟုယူဆရပြီး မြန်မာ - ထိုင်းနှစ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံသူ များ လာရောက်ရေးအတွက် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မည်ဟု ယူဆရသည်။

ထိုင်းတို့က ပတ္တရား ကမ်းခြေအနီးရှိ လန်ချာဘန် ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ ထားဝယ်တို့ကို ချိတ်ဆတ်မည့် ကိစ္စများအား အထူးအလေးပေး ဆွေးနွေးခဲ့သည်။
Voice Weekly

No comments:

Post a Comment