Sunday, 1 July 2012

သေမင်းတမန် ရထားလမ်း ပြန်လည်ဖောက်လုပ်မည်

သေမင်းတမန်ရထားလမ်းပေါ်ရှိကွေမြစ်တံတား
ဒုတိယကမ္ဘာစစ်အတွင်း ဖောက်လုပ်ခဲ့သည့် နာမည်ကျော် သေမင်းတမန်ရထားလမ်းကို
ပြန်လည် ဖောက်လုပ်မည့် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် တရားဝင် ပြောကြားလိုက်သည်။

မွန်ပြည်နယ် သံဖြူဇရပ်မှ ဘုရားသုံးဆူထိ ၆၅ မိုင်ခန့်အရှည်ကို ယခုနှစ်
မိုးကာလ ကုန်ဆုံးသည့်နှင့် စတင်တိုင်းတာမှုများ ပြုလုပ် သွားမည်ဖြစ်ပြီး
နိုင်ငံတော် အစိုးရအဖွဲ့ နှင့် ပြည်ထောင်စု လွှတ်တော်၏
သဘောတူညီချက်ရရှိပါက ပြန်လည်ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားလိုက်သည်။
Voice Weekly

No comments:

Post a Comment