Saturday, 7 July 2012

မြစ်ကြီးနားမြို့တွင် စစ်ပြေးဒုက္ခသည်များ ဆန္ဒဖော်ထုတ်မှုတစ်ရပ်ဖြစ်ပေါ်ခဲ့



w740kc

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်မှ စစ်ပြေးဒုက္ခသည်များ၏ ဆန္ဒဖော်ထုတ်မှုတစ်ရပ် ဇူလိုင်လ ၆ ရက်၊ သောကြာနေ့ နံနက်ပိုင်းတွင် ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖမ်းဆီးခံထားရသော ကချင်စစ်ပြေးဒုက္ခသည် ဦးလထော်ဘရန်ရှောင်အား လွှတ်ပေးရေးအတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး ဦးလထော်ဘရန်ရှောင်အား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ မည်သူကိုမှ မတရားစွပ်စွဲ၍ ဖမ်းဆီးနှိပ်စက်ခြင်း မပြုလုပ်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို အမြန်ဆုံး ရပ်ဆိုင်းရေးနှင့် စစ်ပြေးဒုက္ခသည်များကို လုံခြုံမှု ရရှိအောင် ကာကွယ်ပေးရေး စသည့်အချက် ငါးချက်ပါစာတမ်းများကို ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။
ဂျန်မိုင်ကောင်ရပ်ကွက် ဆွမ်ဘရာဘွမ်လမ်းမှ ဘုရင်နောင်လမ်းတလျောက် ဆန္ဒထုတ်ဖေါ်ခဲ့ပြီး၊ ထိုမှတဆင့် မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမှတဆင့် ဂျန်မိုင်ကောင်း ရပ်ကွက်သို့ ပြန်လည်ဝင်ရောက်၍ ဆန္ဒထုတ်ဖေါ်ခဲ့ကြခြင်းဖြစ်သည်။

ကေအိုင်အေအဖွဲ့မှဟု ယူဆမှုကြောင့် ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ညပိုင်းမှစတင်ကာ ဖမ်းဆီး ခေါ်ဆောင်ထားခြင်းခံရသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းနှစ်ခြင်းစစ်ရှောင်စခန်းမှ ဦးဘရန်ရှောင်နှင့်ပတ်သက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ မီဒီယာများသို့ ရှင်းလင်းမှုကို ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။
"ဒီဘရန်ရှောင်ဆိုတဲ့သူ အကြောင်းပြောရမယ်ဆိုရင် နားထိုင်းတဲ့လူဖြစ်တယ်။ ဗမာစကား ကောင်းကောင်း မပြောတတ်ဘူး။ ပညာအရည်အချင်းမရှိဘူး။ အင်ပေါင်(၀ိုင်းမော်မြို့ နယ်)ဆိုတဲ့ရွာမှာ ရိုးရိုးလုပ်ကိုင်စား သောက်နေတဲ့သူဖြစ်တယ်ဆိုတာ သူ့ရဲ့အမျိုးသမီးရယ်၊ သူနဲ့အတူလာ တဲ့စစ်ပြေးဒုက္ခသည်မှာပါလာတဲ့ ရွာ သူရွာသားများရယ်၊ သူ့ရဲ့သင်းအုပ် ဆရာရယ် ပြောပြချက်အရသိရပါတယ်" ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ ချုပ်မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာဒေါက်တာ ခလမ်ဆမ်ဆွန် က အဆိုပါရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်သည် ဦးဘရန်ရှောင်နှင့်ပတ်သက်၍ စုံစမ်းမှုများပြုလုပ်ပြီးနောက် ဆုံးဖြတ်ချက်သုံးခုကို ချမှတ်ခဲ့ကြောင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရန်၊ စာတင်ရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရန်တို့ဖြစ်ကြောင်း၊ လက်ရှိတွင်ဝန်ကြီးချုပ်နှင့်တွေ့ဆုံခြင်း၊ ၀န်ကြီးချုပ်၊ နိုင်ငံတော်သမ္မတထံ စာတင်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဇွန်လ ၂၃ ရက်နေ့ထုတ် ရတနာပုံသတင်းစာ၌ ဖော်ပြထားချက်များတွင် ဒုက္ခသည် စခန်းများသို့ အဖွဲ့အစည်းအသီး သီးမှ ထောက်ပံ့မှုကို အခွင့်ကောင်း ယူကာ KIA (ကချင်) လက်နက်ကိုင် အဖွဲ့များသည် ဒုက္ခသည်အဖြစ် စာရင်းပေးသွင်း၍ ၀င်ရောက်နေထိုင်ကြပြီး ဒေသအတွင်း လမ်းတံတားများ၊ အဆောက်အအုံများ၊ မီးရ ထားလမ်းများ မိုင်းထောင်ဖောက်ခွဲ ခြင်း၊ ပြည်သူများ အထိတ်တလန့် ဖြစ် စေ၍ တရားဥပဒေစိုးမိုးမှု ပျက် ပြားစေရေး ရည်ရွယ်လုပ်ဆောင်နေ ကြောင်း၊ ဒုက္ခသည်စခန်းတွင် အခြေပြု၍ တပ်မတော် စစ်ကြောင်း များ လှုပ်ရှားမှုများသတင်းပို့နေကြောင်းဖြင့်ဖော်ပြခဲ့သည်။
ဒုက္ခသည်စခန်းများမှ ကေအိုင်အေလေးဦးသည် မြစ်ကြီးနားမြို့ပေါ် ဖောက်ခွဲဖျက်ဆီးမှုမပြုလုပ်နိုင် ဘဲ လွယ်ချိုကျေးရွာအုပ်စု ဥလောက် ကျေးရွာဘက်သို့ ကျွဲကျောင်းသား အသွင်ဖြင့် ထွက်ပြေးတိမ်းရှောင်လာ ၍ ဇွန်လ ၁၄ ရက်တွင် ဖမ်းဆီးခဲ့ ကြောင်း၊ ယင်းအဖွဲ့အား စစ်ကြော ဖော်ထုတ်ချက်အရ ဦးဘရန်ရှောင်ကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ရတနာ ပုံသတင်းစာက ဖော်ပြထားသည်။
EMG

No comments:

Post a Comment