Wednesday, 25 July 2012

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ ပြောစကားအချို့အား မနှစ်သက်၍ ပခုက္ကူမြို့မှ လူအင်အား ၃၀၀ က ဆန္ဒဖော်ထုတ်သွားမည်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းမှ ပြည်သူအများကိုမျက်ကွယ်ပြု၍
ပြည်သူတွေ ရူးနေသည်ဟု တရုတ်နိုင်ငံထုတ်
သတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင်ဖြေကြားခဲ့မှုများအ
ပေါ် သဘောမတွေ့သဖြင့် ပခုက္ကူမြို့ခံ လူ ၃၀၀ ခန့်မှ ယခုလ ၃၀ ရက်တွင် ဆန္ဒဖော်ထုတ်မှုတစ်ခုပြုသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရန် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ အခန်း ၂ အပိုဒ်ခွဲ ၄ အရ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးသို့ ယနေ့ ဇူလိုင်လ ၂၅ ရက် ရက်စွဲဖြင့်လျှောက်ထားခဲ့ကြောင်းသိရသည်။

““ရည်ရွယ်ချက်ကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တစ်ယောက်က ပြည်သူတွေကိုအလေးမထားဘဲ ပြည်သူတွေကို
စော်ကားတဲ့စကားမျိုးပြောတာရယ်။ နောက်တစ်ချက်က
ချစ်သော ဧရာဝတီ ထာဝရရှင်သန်ရေးအတွက်ရယ်
ရည်ရွယ်ပါတယ်။”” ဟု ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်
အားရဲတပ်ဖွဲ့မှူးသို့တင်ပြရာတွင်ပါဝင်ခဲ့သူတစ်ဦး
ကပေါ်ပြူလာနယူးစ်သို့ပြောသည်။

ငြိမ်းချမ်းစွာစုဝေးပြီး စီတန်းလှည်းလည်ရာတွင်
ပခုက္ကူမြို့ သာသနာ့ဗိမ္မာန် အနောက်ဖက်ကားဂိတ်မှ စ၍ မြို့မလမ်းမှဖြတ်သန်းသွားပြီး ရွှေချောင်းတံတား အနောက်ဖက် တံတားဦးသစ်စက်ရှေ့တွင် ပြည်သူအများက
ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်ဖြစ်ပြီး
ပြည်သူ့ဆန္ဒကို အလေးထားဆောင်ရွက်ရေး
ကိစ္စဟောပြောပြီးနောက် ငြိမ်းချမ်းစွာ
လူစုခွဲမည်ဖြစ်ကြောင်းသိရသည်။
Popular Myanmar News

No comments:

Post a Comment