ရန်ကုန်မြို့၌ ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘာသာကြီးလေးရပ်မှ ဆုတောင်းပွဲကို တွေ့ရစဉ်
မြန်မာနိုင်ငံ အနောက်ပိုင်းဟာ ကိုဆိုဗိုလို ဖြစ်လာမလားဆိုတဲ့
ဆောင်းပါးကို အွန်လိုင်းလူမှုရေး ၀က်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားသူ
ကိုအောင်ဇင်လတ်ဆီက ခွင့်ပြုချက်ရယူပြီး Weekly Eleven News Journal မှာ
ဖော်ပြခဲ့ပါတယ်။ စိတ်ဝင် စားစရာကောင်းတဲ့ သုံးသပ်ချက်တစ်ခုအဖြစ်
ဖော်ပြခဲ့တာဖြစ်ပြီး Eleven MediaGroup ရဲ့ အာဘော်မဟုတ်ဘူးဆိုတာကိုတော့
နိဒါန်းချီထားခဲ့ပါတယ်။ ဂျာနယ်ထွက်တဲ့နေ့ (ဇူလိုင် ၂၃) မှာ တစ်ယောက်က
ရုံးကို ဖုန်းဆက်ပါတယ်။ ကိုဆိုဗိုလို့ ဘာလို့ သုံးနှုန်းရတာလဲ၊
နောက်တစ်ကြိမ် ထပ်ဖြစ်အောင် လုပ်နေတာလား၊ ဒီလိုလုပ်လို့
တရားစွဲခံထားရတာမျိုးတွေရှိတာ သိတယ် မဟုတ်လားဆိုတာမျိုး ပြောလာပါတယ်။
သူ့အမည်ကို မေးတော့ မဖြေပါဘူး။
No comments:
Post a Comment