Friday, 20 July 2012

ဗန်းမော်-ကသာ ရှပ်ပြေးရေယာဉ်တိမ်းမှောက်



ရန်ကုန်၊ ဇူလိုင်-၂၀
ယနေ့ နံနက် ၉ နာရီခန့်က ခရီးသည် ၁၀၀ ကျော် တင်ဆောင်ထားသည့် ဗန်းမော်-ကသာ ပြေးဆွဲနေသည့် ရှပ်ပြေးအမြန်ရေယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်
း သတင်းရရှိသည်။

အဆိုပါ ရှပ်ပြေးယာဉ်အမည်မှာ ရွှေမြတ်မင်းဖြစ်ပြီး နံနက် ၉ နာရီတိတိတွင် ဗန်းမော်ဆိပ်ကမ်းမှ ထွက်ခွာရန်အတွက် စက်နှိုးရာ တက်မ လှည့်မရဘဲ ရေစီးကြမ်းနေချိန်ဖြစ်သောကြောင့် တိမ်းမှောက်သွားကြောင်း အဆိုပါ ဆိပ်ကမ်းတွင် ရေယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကို သွားရောက်ကြည့်ရှုခဲ့သည့် အမျိုးသားတစ်ဦးက 7Day News သို့ တယ်လီဖုန်းမှတဆင့် ပြောသည်။

ယခုရေယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသော ရှပ်ပြေးဂိတ်နေရာသည် ဧရာဝတီမြစ်သို့ အရှေ့ဘက်အခြမ်းမှ စီးဝင်သော တာပန်မြစ်ဝပေါ်တွင် ရှိကြောင်း သိရှိရသည်။

အဆိုပါ ရေယာဉ်တိမ်းမှောက်မှုအား တပ်မတော်(ရေ)မှ အမြန်ရေယာဉ်များဖြင့်ပါ ကယ်ဆယ်ရေး ဆောင်ရွက်နေပြီး မီးသတ်၊ ရဲ၊ တပ်နှင့် ကြက်ခြေနီ အယောက် ၃၀ ခန့်ကလည်း ကယ်ဆယ်ရေးများ ဆောင်ရွက်နေသည်ကို တွေ့မြင်ရကြောင်း ၄င်းကပြောသည်။

"အခုထိတော့ လူသေတစ်လောင်း ရပြီတဲ့။ အယောက်သုံးဆယ်လောက်တော့ ပျောက်နေတယ် ပြောတယ်"ဟု မန္တလေးမှ ကသာသို့ သွားနေသော ရွှေကိန္ဒရီရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ဦးထွန်းလွင်ကလည်း 7Day News သို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသည်။

ရှပ်ပြေးယာဉ် တိမ်းမှောက်သည့် ဗန်းမော်ရှပ်ပြေးဂိတ် ကမ်းစပ်တွင် ရေယာဉ်လေးငါးခြောက်စီးခန့် ရပ်တန့်ထားသည်။ ထိုရေယာဉ်များ အလွန်မှသာ စက်စနှိုးခြင်းဖြစ်၍ တိမ်းမှောက်မှုဖြစ်ချိန်တွင် မြစ်လယ်သို့ ရောက်ရှိပြီဖြစ်သည်။

လက်ရှိအချိန်မှာ မြစ်ရေတိုးပြီး ရေစီးကြမ်းသော ကာလဖြစ်၍ ထိုဆိပ်ကမ်းမှ ထွက်ခွာသော မြစ်ကြီးနားခရီးစဉ်ကို ရပ်နားထားသည်မှာ တစ်လနီးပါးရှိပြီဖြစ်ကြောင်း သိရသည်။ ထို့အတူ မန္တလေးခရီးစဉ်ကိုလည်း ရပ်နားထားကြောင်း သိရသည်။
 
 ဗန်းမော်-ကသာ ရှပ်ပြေးရေယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်၍

"အခုဆယ်ပြီးတဲ့အထိကတော့ (၇၁)ဦး ဆယ်ပြီးသွားပြီ။ ယောက်ျားလေးအလောင်း တစ်လောင်းပါတယ်။ ကျန်တာကို အသက်ရှင်လျက် ဆယ်လိုက်နိုင်တယ်"ဟု ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးက 7Day News သို့ ပြောသည်။

ယခုအချိန်အထိ အသက်ရှင်လျက် ကယ်ဆယ်ရရှိသူများမှာ အမျိုးသား(၄၉)ဦးနှင့် အမျိုးသမီး(၂၁)ဦးဖြစ်ပြီး ရေယာဉ်အမည်မှာ မြမင်းအောင်(၁) ရေယာဉ်ဖြစ်ကြောင်း ၄င်းကပြောသည်။
7Day News Journal

No comments:

Post a Comment