Thursday, 5 July 2012

aroma ၏ မင်္ဂလာဝတ်စုံဒီဇိုင်းများနှင့် ပွဲတက် ဖက်ရှင်ဒီဇိုင်း ပြပွဲကြီးကျင်းပ





e5143 aroma ၏ မင်္ဂလာဝတ်စုံဒီဇိုင်းများနှင့် ပွဲတက် ဖက်ရှင်ဒီဇိုင်းများ ပြသသည့် ဖက်ရှင်ပြပွဲကြီးကို ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင် စုလျားရစ်ပတ် အခမ်းအနားနှင့်အတူ မင်္ဂလာဝတ်စုံများ ပြသခြင်း၊ စုံတွဲလိုက် ပြသခြင်း၊ ဒီဇိုင်းဖန်တီးမှု ၀တ်စုံများပြခြင်း၊ ထိုင်မသိမ်း ၀တ်စုံများပြသခြင်း၊ အနောက်တိုင်းဂါဝန် ဒီဇိုင်းများပြသခြင်း၊ အမျိုးသားနှင့် အမျိုးသမီးစုံတွဲ ညနေခင်းပွဲတက်ဝတ်စုံများ ပြသခြင်းနှင့် မြန်မာပွဲတက်ဝတ်စုံများ စသည့် ဖက်ရှင်များကို အနုပညာရှင်များက ၀တ်ဆင်ပြသခဲ့ကြသည်။

စုလျားရစ်ပတ် အခမ်းအနားပြပွဲတွင် ဦးရန်ပိုင်စိုးနှင့်အတူ တစ်ခိုင်လုံး ရွှေ အေးအေးမြင့်နှင့် အဖွဲ့တို့က ပါဝင်အားဖြည့်ကာ မင်္ဂလာအခမ်းအနား ပုံစံအပြည့်ဖြင့် တင်ဆက်ပြသခဲ့သည်။
Aroma ၏ ဖက်ရှင်ဒီဇိုင်းပြပွဲကြီးတွင် ရန်အောင်၊ အောင်ရဲလင်း၊ ဖြိုးငွေစိုး၊ ဟိန်းဝေယံ၊ ဥက္ကာမင်း မောင်၊ မြတ်သူအောင်၊ ပိုင်ဇေရဲထွန်း၊ ကောင်းခန့်၊ နေယံ၊ ရဝေအောင်၊ မိုးယံဇွန်၊ မင်းရာဇာ၊ ဒီရေတိုး၊ မင်းထက်၊ ကောင်းပြည့်၊ စွမ်းရည်၊ ဥာဏ်လင်းအောင် စသူတို့နှင့်အတူ မော်ဒယ်များလည်း ပါဝင်ခဲ့သည်။
ထို့ပြင် မေသန်းနု၊ စိုးမြတ်သူဇာ၊ ခိုင်ဝါ၊ ထက်ထက်မိုးဦး၊ သိင်္ဂီထွန်း၊ ခင်ဇာခြည်ကျော်၊ လင်းဇာနည်ဇော်၊ ရတနာခင်၊ မြသဉ္ဇာလီ၊ ချစ်စနိုးဦး၊ စိုးပြည့်သဇင်၊ ပပ၀င်းခင်၊ မိုး ယုစံ၊ ခိုင်နှင်းဝေ၊ ချောရတနာ၊ ဂန္ထ၀င်၊ နန်းစုရတီစိုး၊ သင်ဇာဝင့်ကျော်၊ ဖြူဖြူကျော်သိန်း၊ နန်းမြတ်ဖြိုးသင်း၊ ၀ါဆိုမိုးဦး၊ ဂျင်းနီ၊ ခရစ္စတီးနား၊ သဇင်၊ ဆုရွှန်းလဲ့၊ ပွင့်၊ ဟေမာန်အောင်အောင်၊ ဆွိဝတ်ရည်သောင်း၊ မေထွဋ်ခေါင်၊ သီရိရှင်းသန့်၊ ယုသန္တာတင်၊ နန်းသူဇာ၊ နဒီဝင့်နိုင်၊ အိချောပို၊ ဆန်းသစ်လ၊ ရွှေစင်၊ ဇင်ဇင်၊ ဂျူးဂျူးကေ၊ အောန်ဆိုင်း၊ စွဲညို့ရှင်၊ စံမဒီ၊ သက်သခင်၊ ပြည့်ဖူးခိုင်၊ နိုနိုကေ၊ မာရီနာတို့နှင့်အတူ မော်ဒယ်အများအပြားက ၀တ်ဆင်ပြသခဲ့သည်။
ယင်း ဖက်ရှင်ဒီဇိုင်းပြပွဲကြီးတွင် ထွန်းအိန္ဒြာဗို၊ သဇင်၊ အိမ့်ချစ်၊ ဂျင်းနီ၊ ခေမီကိုတို့က သီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး ခေမီကိုအကအဖွဲ့၏ ကပြမှုများဖြင့်လည်း ဖျော်ဖြေခဲ့သည်။
EMG

No comments:

Post a Comment