Saturday, 7 July 2012

7 July နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲ အပြီးထိန်းသိမ်းခံကျောင်းသားများပြန်လည်လွှတ်ပေး

7 July နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲကို ယနေ့နံနက် ၉ နာရီက ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်း
၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ဥက္ကဌ ကိုကျော်ကိုကို၊ ၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ဦးဝင်းတင်(သဘာပတိအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့မှ 7 July ဖြစ်ပေါ်လာရခြင်း အကြောင်းများနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦ ဖောက်ခွဲဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ သမိုင်းကြောင်းများနှင့် ဆုံးရှုံးမှုများအား ပြောကြားခဲ့သည်။
ထို့အပြင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ယမန်နေ့ညက သက်ဆိုင်ရာအာဏာပိုင်များမှ ခေါ်ယူသွားခြင်းခံရသော ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့နှင့် ပတ်သက်၍ ခေါ်ယူသွားခြင်းကို ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့၏ မိဘများနှင့်အတူ ခေါ်ယူသွားခံရသူများ၏ ဓါတ်ပုံများကိုကိုင်ဆောင်ကာ ၎င်းတို့အား အမြန်ဆုံးလွှတ်ပေးရန်နှင့် လစ်လပ်သွားသော တာဝန်များကို ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 ယမန့်နေညက ထိန်းသိမ်းခံခဲ့ရသော ရန်ကုန်မှ ကျောင်းသားများဖြစ်သည့် ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင် တို့ကို ယနေ့ ပြုလုပ်သော 7July နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲ အပြီးတွင် သက်ဆိုင်ရာမှ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြော
င်း ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးမှ အတည်ပြုပြောကြားခဲ့ပါသည်။
EMG

No comments:

Post a Comment