Friday, 29 June 2012

Burma ဟု မသုံးရန် ဒေါ်အောင်ဆန်းစုကြည်ကို ကော်မရှင် ထပ်မံသတိပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံကို Burma ဟု သုံးနှုန်း ပြောဆိုခြင်း မပြုဘဲ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၂) တွင် ဖော်ပြထားသည့်အတိုင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် (သို့မဟုတ်) မြန်မာနိုင်ငံဟုသာ ခေါ်ဆို သုံးနှုန်းရန် ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ (၂၈) ရက်စွဲဖြင့် ကြေညာချက်တစ်ရပ် ထပ်မံထုတ်ပြန် သတိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာစီးပွားရေး ဖိုရမ်တွင် မိန့်ခွန်း ပြောကြားရာ မြန်မာနိုင်ငံကို Burma သုံးစွဲခဲ့ပြီး ဥရောပခရီးစဉ်တွင်လည်း Burma ဟု သုံးစွဲခဲ့ခြင်းကြောင့် ထပ်မံ အသိပေး အကြောင်းကြားရခြင်း ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်မီဒီယာများ မှတဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်သည်။


အဆိုပါ အသိပေး အကြောင်းကြားစာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ တိုက်ရိုက် လိပ်မူထားခြင်း ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးမှ ပြန်ရောက်လျှင် ရှင်းလင်း ပြောကြားသွားမည် ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ကမ္ဘာ စီးပွားရေးဖိုရမ်တွင် Burma ဟု သုံးစွဲခဲ့ခြင်းကြောင့် ထိုသို့ မသုံးနှုန်းရန် ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ပထမအကြိမ် အကြောင်းကြား ခဲ့သည်။
Voice Weekly 

No comments:

Post a Comment