Friday, 11 May 2012

ကွန်ပျူတာသုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်း နှစ်မျိုးစလုံး တွဲလုပ်ပါက အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချွတ်ယွင်းမှုကို ကာကွယ်နိုင်




ကွန်ပျူတာသုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်း နှစ်မျိုးစလုံးတွဲလုပ်ပါက အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချွတ်ယွင်းမှုကို ကာကွယ်နိုင်ကြောင်း အမေရိကန်နိုင်ငံ Mayo Clinic မှ ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

ကွန်ပျူတာသုံးခြင်းသည် လှုပ်ရှားမှုတစ်ခုဟု ယူဆနိုင်ဖွယ်မရှိသော်လည်း တစ်ကယ်တမ်းတွင် ဦးနှောက်အတွက် အလေ့အကျင့်ဖြစ်စေသည်ဟု ဆိုသည်။ အသက် ၇၀ မှ ၉၃ နှစ်အထိရှိသော သက်ကြီးရွယ်အို ၉၂၆ ဦးကို လေ့လာခဲ့ရာတွင် ကွန်ပျူတာသာသုံးသူများ၊ ကိုယ်လက်လှုပ်ရှားမှုသာ လုပ်သူများထက် နှစ်မျိုးစလုံး တွဲလုပ်သူများသည် မှတ်ဉာဏ် ချွတ်ယွင်းမှုကို ကာကွယ်နိုင်မှုပိုမြင့်ကြောင်း တွေ့ရှိခဲ့ရသည်။


''ကာယလှုပ်ရှားမှုဆိုတာက ဦးနှောက်လုပ်ငန်းစဉ်အချို့နဲ့သီးခြား ဆက်သွယ်နေသလို စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေကလည်းဆိုင်ရာ ဦးနှောက်လုပ်ငန်းစဉ်တွေနဲ့ ဆက်သွယ်နေပါတယ်။ ဒါက ဂီတပွဲတစ်ခုလိုပါပဲ။ ဒီနှစ်မျိုး ပေါင်းလိုက်တဲ့အခါကျတော့ သံစုံတီးဝိုင်းကြီးလို ဖြစ်သွားတာပေါ့''ဟု လေ့လာမှုကို ဦးဆောင်သူ ဒေါက်တာ ယိုနပ်စ်ဂီဒါက သုံးသပ်သည်။
EMG

No comments:

Post a Comment