မြောင်းတကာစက်မှုဇုန်ရှိ ရန်ကုန်သရဖူ သံမဏိစက်ရုံရှေ့တွင် ဆန္ဒပြမှု ဖြစ်ပွားနေသည့် မြင်ကွင်းများအား တွေ့မြင်ရစဉ်
လုပ်သားများဆန္ဒပြသည့် အဓိကအကြောင်းရင်းများမှာ အခြေခံလစာ တစ်လလျှင် ၄၈၀၀
ကျပ်သာ သတ်မှတ်ထားခြင်း၊ အချိန်ပိုကြေး တစ်နာရီ ၈၀ ကျပ်သာ ရရှိခြင်း၊
လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိပါက ထိရောက်သော ကုသမှု မရှိခြင်း၊
နားရက်နှင့် ခွင့်ရက်ခံစားခွင့် မရှိခြင်း၊ ပျက်ရက်များအတွက်
ဒဏ်ကြေးတစ်ရက်လျှင် ၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ ဒဏ်ရိုက်ခြင်း စသည့်
အချက်များကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ ဆန္ဒပြမှုအား မေလ ၂၀ ရက်နေ့ နံနက်
၇ နာရီမှ စတင်ခဲ့ခြင်းဖြစ်ပြီး စက်ရုံရှိ လုပ်သားအင်အား ၇၀၀ ကျော်အနက် ၅၀၀
ကျော် ပါဝင်ခဲ့ပြီး စက်ရုံအတွင်းရှိ တရုတ်လုပ်သားများနှင့် စားဖိုဆောင်၊
လုံခြုံရေး စသည့် ၀န်ထမ်းများအား စက်ရုံဝန်းအတွင်းမှ ထွက်ခွာခွင့်
မပြုသော်လည်း မေလ ၂၅ ရက်နေ့မှစတင်ကာ စားဖိုဆောင်လုပ်သား အမျိုးသမီး ၁၂ ဦး
စတင် ပါဝင်လာခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment