Tuesday, 8 May 2012

ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် စာပေအမျိုးအစားပေါင်း နှစ်ထောင်ကျော် ပါဝင်သည့် ဗုဒ္ဓ၏ဓမ္မအမွေ ပရိယတ်စာပေပွဲတော် ပြုလုပ်လျက်ရှိ




e7313 ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် စာပေအမျိုးအစားပေါင်း နှစ်ထောင်ကျော် ပြသထားသည့် ဗုဒ္ဓ၏ဓမ္မအမွေ ပရိယတ် စာပေပွဲတော်ကို အင်းဝစာအုပ်တိုက်တွင် မေလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။
ဗုဒ္ဓ၏ဓမ္မအမွေ ပရိယတ် စာပေပွဲတော်ကို ပြုလုပ်ခဲ့သည်မှာ ဆဌမအကြိမ်ရှိပြီဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ပတ်သက်သော စာပေများကို တစ်နေရာတည်းတွင် စုစည်းလေ့လာ၍ ၀ယ်ယူနိုင်ရန် ရည်ရွယ်ပြီးပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“သာမန်အားဖြင့်က စာအုပ်အရောင်းဆိုင်တွေက စာပေထုတ်ဝေရေးက ထုတ်ဝေတဲ့စာအုပ်တွေ ကိုသာ တင်ပြီးရောင်းကြတာ များတယ်လေ။ အဲဒါကြောင့် အဲဒီလို စာအုပ်တွေလည်း လိုက်စုဆောင်းတာအပြင် မဟာစည်၊ ဓမ္မစကြာ ရိပ်သာ၊ ချမ်းမြေ့ရိပ်သာကျောင်း၊ ရွှေတောင်ကုန်းရိပ်သာတွေက ထုတ်ထားတဲ့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ စာအုပ်တွေကိုပါလိုက်စုဆောင်းပြီး တစ်နေရာထဲမှာ စာအုပ်တွေ စုံစုံလင်လင်ရရှိနိုင်အောင် အခုလိုစာအုပ်ပွဲတော် လုပ်ခဲ့ပါတယ်။ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု အင်းဝစာအုပ်တိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
EMG

No comments:

Post a Comment