Saturday, 5 May 2012

တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က လက်နက်ကိုင် တရုတ်ငါးဖမ်းသမား ကိုးဦးကို ဖမ်းဆီး




လက်နက်များ ကိုင်ဆောင်လာသော တရုတ်ငါးဖမ်းသမားတို့၏ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရခဲ့ပြီးနောက် ယင်းငါးဖမ်းသမားများကို ဧပြီလ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းငါးဖမ်းသမားများသည် တရားမ၀င် ငါးဖမ်းနေခြင်းဖြစ်ပြီး ၎င်းတို့လှေပေါ်သို့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ တက်ရောက်စဉ် တိုက်ခိုက်ခဲ့ကြသည်။


Heuksan ကျွန်းစုအနီး ပင်လယ်ဝါတွင် တန်ချိန် ၂၂၇ တန်ရှိသော သင်္ဘောပေါ်၌ တရုတ်ငါးဖမ်းသမားကိုးဦး လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ်းခြေစောင့် တပ်ဖွဲ့ဝင်လေးဦး မှာ ခေါင်း၊ လက်မောင်း၊ ခြေထောက်များတွင် ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ရဟတ်ယာဉ်ဖြင့် တင်ဆောင်ကာ Mokpo ဆိပ်ကမ်းရှိ ဆေးရုံသို့ တင်ပို့ခဲ့သည်။ တရုတ် သင်္ဘောကပ္ပတိန်တစ်ဦးက တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာလက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ပြီးနောက် တရားမ၀င် ငါးဖမ်းမှုများကို ပြင်းပြင်းထန်ထန်ကိုင်တွယ်ရန် ဆိုးလ်က ပေကျင်းကို တိုက်တွန်းခဲ့သည်။ ယင်းသင်္ဘောကပ္ပတိန်ကို ဧပြီလတွင် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခဲ့ပြီး အခြားငါးဖမ်းသမား ကိုးဦးကိုလည်း ထောင်ဒဏ် ၁၈ လမှ ငါးနှစ်အထိ ချမှတ်ခဲ့သည်။
Ref:AFP
EMG

No comments:

Post a Comment