News And Library
Fresh News And Some Knowledge For You
Thursday, 26 April 2012
အမေရိကန်ထံမှ စစ်သင်္ဘောများ ၀ယ်ယူရန် ထိုင်ဝမ်စီစဉ်လျက်ရှိ
၂၀၀၇ ခုနှစ်က ထိုင်ဝမ်တောင်ပိုင်းတွင် စစ်ရေးလေ့ကျင့်ခဲ့သော Perry-class ဖရီးဂိတ် စစ်သင်္ဘောတစ်စင်း
စစ်အင်အားကို မြှင့်တင့်ရန်နှင့် တရုတ်စစ်တပ်၏ ခြိမ်းခြောက်မှုကို ထိရောက်စွာ တုံ့ပြန်နိုင်ရန်အတွက် ထိုင်ဝမ်သည် အမေရိကန်ထံမှ စစ်သင်္ဘောလေးစီး ၀ယ်ယူရန် စီစဉ်လျက်ရှိကြောင်း ဧပြီလ ၂၂ ရက်နေ့က ထိုင်ဝမ်မီဒီယာ
တစ်ခု
တွင် ဖော်ပြခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ထိုင်ဝမ်သမ္မတ မာယင်ကျိုးသည် ပြီးခဲ့သည့်လက အစည်းအဝေးတွင် အမေရိကန်တို့နှင့် လက်နက်အရောင်းအ၀ယ်များ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ကုန်ကျစရိတ်များကို တိတိကျကျ မထုတ်ဖော်သေးသော်လည်း ယင်းစစ်စရိတ်များ သုံးစွဲရန် လာမည့်နှစ်အတွက် ဘတ်ဂျတ်အား ကြိုတင်ပြင်ဆင်နေပြီဖြစ်သည်။
အကယ်၍ ယင်းဆုံးဖြတ်ချက် အတည်ဖြစ်ပါက ထိုင်ဝမ်တွင် စစ်သင်္ဘောစုစုပေါင်း ၁၂စင်းရှိလာမည် ဖြစ်သည်။
အမေရိကန်ရေတပ်မှ အနားယူပေးလိုက်ပြီဖြစ်သော ၁၉၈၀ ခုနှစ်ထုတ် ပယ်ရီအမျိုးအစား စစ်သင်္ဘောလေးစီးအား ၁၉၉၀ ပြည်နှစ်က အမေရိကန်မှ ထိုင်ဝမ်သို့ လွှဲပေးခဲ့သော Knox အမျိုးအစား စစ်သင်္ဘော ရှစ်စီးနေရာတွင် အစားထိုး ၀င်ရောက်နိုင်ဖွယ်ရှိကြောင်း ယူနိုက်တက်ဒေးလီး သတင်းဌာနမှ ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံနှင့် ဆက်ဆံရေးသည် ကောင်းမွန်သော မာယင်ကျိုး ထိုင်ဝမ်သမ္မတဖြစ်လာပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ တိုးတက်ခဲ့ပြီး ခရီးသွားလာရေးနှင့် ကုန်သွယ်ရေး တိုးမြှင့်ရန်အပြန်အလှန် သဘောတူခဲ့ကြသည်။
တရုတ်သည် ထိုင်ဝမ်ကျွန်းအား ၎င်းတို့အပိုင်ဟု ပြောနေသော်လည်း ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ်ကစ၍ နှစ်ပေါင်း ၆၀ ကျော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် နေထိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ကျူးကျော်ရန် မကြာခဏ ခြိမ်းခြောက်နေသောကြောင့် ထိုင်ဝမ်သည် အမေရိကန်တို့၏ အကူအညီဖြင့် စစ်အင်အား တိုးပွားအောင် ကြိုးပမ်းလျက်ရှိသည်။ ထိုင်ဝမ်ကို အမေရိကန် လက်နက်များရောင်းချခြင်းအား ဆန့်ကျင်ကြောင်း တရုတ်က အကြိမ်ကြိမ်ပြောကြားထားသည်။
Ref:AFP
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment