News And Library
Fresh News And Some Knowledge For You
Sunday, 29 April 2012
နေအနီးတွင် ဂြိုဟ်သားတို့၏ယာဉ်ဟု ယူဆရသော အရာဝတ္ထုတစ်ခု တွေ့ရှိ
နေအနီးတွင်မြင်တွေ့ရသည့် ထူးဆန်းသော အရာဝတ္ထု
ဟောလိဝုဒ်သိပ္ပံကားများတွင် ပါဝင်နေကျ ဂြိုဟ်သားတို့၏ မိခင်ယာဉ်ကြီးများပုံစံနှင့် ဆင်တူသော အရာဝတ္ထုတစ်ခု နေအနီးတွင် ရောက်ရှိနေသည်ကို အမေရိကန် အမျိုးသား အာကာသအေဂျင်စီ(နာဆာ)က မှတ်တမ်းတင်နိုင်ခဲ့သည်ဟု သိရသည်။
နာဆာ၏ Solar Heliospheric Observatory(SOHO) ဟု အမည်ပေးထားသော နေစူးစမ်းလေ့လာရေးဂြိုဟ်တုက ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်ပြီး နာဆာက ပုံမှန်အတိုင်းသာ ထုတ်ပြန်ပေးသည့် ပုံဖြစ်သော်လည်း ပန်းကန်ပြားပျံအကြောင်း စိတ်ဝင်စားသူများ၏ ၀က်ဘ်ဆိုက် Gather News က အင်တာနက်ပေါ်တွင် ပြန်တင်ခဲ့ခြင်းကြောင့် ထင်ရှားလာခဲ့ခြင်းဖြစ်သည်။
အမည်မဖော်နိုင်သော ပျံသန်းနေသည့် အရာဝတ္ထု(ယူအက်ဖ်အို) ဟု ဆိုနိုင်စရာ အထောက်အထား များစွာရှိနေကြောင်း၊နေအနီးတွင် တွေ့ရှိခဲ့သမျှ အခြားအရာများနှင့် လုံးဝမတူညီကြောင်း၊ နေမှလွှင့်ထုတ်သည့် အပူလှိုင်းများကိုလည်း ခံနိုင်ရည်ရှိနေကြောင်း သုံးသပ်မှုများရှိနေသော် လည်း နာဆာဘက်မှ ယင်းပုံနှင့်ပတ်သက်ပြီး မှတ်ချက်ပေးထားခြင်း မရှိပေ။
Ref: Daily Mail
EMG
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment