Monday, 23 April 2012

ကမ္ဘာ့ပထမဆုံး အမျိုးသား ကိုယ်ဝန်ဆောင်အဖြစ် ထင်ရှားခဲ့သူသော မတ်စ်ဘီတီ ဇနီးဖြစ်သူနှင့် ကွာရှင်း





ကမ္ဘာ့ပထမဆုံး အမျိုးသား ကိုယ်ဝန်ဆောင်အဖြစ် ထင်ရှားခဲ့သူသော မတ်စ်ဘီတီဆိုသူသည် ၉ နှစ်ကြာ ပေါင်းသင်းလာခဲ့သော ဇနီးဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၃၈ ရှိပြီဖြစ်သော ဘီတီသည် အမျိုးသမီးဘ၀မှ အမျိုးသားဘ၀သို့ ကူးပြောင်းသည့် နောက်ဆုံး ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ကွာရှင်းသည့် အကြောင်းနှင့်ပတ်သက်သည့် အင်တာဗျူးတွင် တစ်ပါတည်းပြော ကြားခဲ့သည်။
ဘီတီသည် ဟာဝိုင်အီကျွန်းတွင် ၁၉၇၄ ခုနှစ်က မိန်းကလေးအဖြစ် မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်ကတည်းက ယောက်ျားလေး ဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။

အသက် ၂၀ အရွယ်တွင် တက်စ်တိုရုန်းထိုးသွင်းမှုများ ပြုလုပ်ခဲ့ပြီး မျက်နှာအမွေးများ ပေါက်လာခဲ့ကာ လိင်အင်္ဂါများလည်း အခြေအနေ ပြောင်းလဲလာစေခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရင်သားနှင့် အဖုအထစ်များ ခွဲစိတ် ဖယ်ရှားမှု ပြုလုပ်အပြီးတွင် အမျိုးသားတစ်ဦးအဖြစ် တရားဝင် အသိအမှတ်ပြုခံခဲ့ရသည်။ သို့ရာတွင် မိန်းမအင်္ဂါဇာတ်၊ သားအိမ်နှင့် အခြားသန္ဓေဆောင်ရန် လိုအပ်သောအရာများကို ဆက်လက်ထားရှိခဲ့သောကြောင့် ကိုယ်ဝန်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူ့ဇနီးဖြစ်သူနန်စီမှာ သားအိမ်ထုတ်ထားရခြင်းကြောင့် ဘီတီက ကိုယ်ဝန်ဆောင် ပေးခဲ့ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ်က ကိုယ်ဝန်ရင့်မာစဉ် ဘီတီရိုက်ကူးထားခဲ့သည့်ပုံမှာ အထူးထင်ရှားခဲ့ပြီး ကမ္ဘာ့မီဒီယာများ၏ အာရုံစိုက်မှုကိုပါခံခဲ့ရသည်။
Ref: Daily Mail
EMG

No comments:

Post a Comment