Windows 8 စမ်းသပ်ဆဲ ဗားရှင်းကို အင်တာနက်မှတစ်ဆင့် http://windows.microsoft.com/en-US/windows-8/download လိပ်စာတွင် အခမဲ့ ဒေါင်းလုပ်ရယူ သုံးစွဲကြည့်နိုင်သည်။ သင်ပုန်းကွန်ပျူတာများ၊ စမတ်ဖုန်းများနှင့်အတူ ရေပန်းစားသည့် ထိတွေ့ထိန်းချုပ်မျက်နှာပြင်(Touch-screen) စနစ်အတွက် အထူးအဆင်ပြေစေရန် ဖန်တီးပေးထားပြီး ကွန်ပျူတာနှင့် လက်ပ်တော့များတွင် သတ် မှတ်စွမ်းဆောင်ရည်ရှိပါက သုံးနိုင်မည်ဖြစ်သည်။ ထိတွေ့ထိန်းချုပ် မျက်နှာပြင်ပါသည့် ကွန်ပျူတာနှင့် လက်ပ်တော့များတွင် OS အသစ်၏ စွမ်းဆောင်ရည်ကို အပြည့်အ၀ စမ်းသုံးနိုင်မည်ဖြစ်သော်လည်း သင်ပုန်းကွန်ပျူတာများတွင်မူ ယခုနှစ်ကုန်ပိုင်းတွင်မှ စတင် သုံးစွဲနိုင်ဖွယ်ရှိနေသည်။ စမ်းသပ်ကာလအပြီးတွင်မူ တရားဝင်ဝယ်ယူသုံးစွဲရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် သုံးစွဲသူများဘက် မှ တုံ့ပြန်မှုကိုလေ့လာရန်အတွက် အခမဲ့ပေးထားခြင်းဖြစ်သည်။ တစ် ကိုယ်ရည်သုံးကွန်ပျူတာ (PC) နှင့် လက်ပ်တော့ များတွင် ယင်းစနစ်သစ်ကို တင်သုံးကြည့်ပါက လက်ရှိသုံးနေသည့် Windows ကို ဖြုတ်ချရန် လိုအပ်မည်မဟုတ်ပေ။ သုံးစွဲရသည်မှာ အဆင်မပြေသောကြောင့် Windows 8 ကို ပြန်ဖြုတ်ပြီး ယခင် Windows ကိုပြန်သုံးလိုပါက ကလစ်တစ်ချက်နှိပ်ရုံဖြင့် ဖြုတ်နိုင်မည်ဖြစ်သည်။ တရားဝင် Windows 8 ဗားရှင်းမှာ ၂၀၁၂ အောက်တိုဘာလတွင် ထွက်လာဖွယ်ရှိနေသည်။ Ref:Daily Mail EMG |
Wednesday, 7 March 2012
ကွန်ပျူတာမျိုးစုံနှင့် ဖုန်းများတွင်ပါ သုံးနိုင်မည့် Windows 8 စမ်းသပ်ဆဲဗားရှင်းကို အခမဲ့ဖြန့်ချိ
No comments:
Post a Comment