မစ္စတာလီသည် New Frontier Partyမှ ၀င်ရောက်ရွေးကောက်ခံခဲ့ပြီး သမ္မတဖြစ်လာခဲ့သူ ဖြစ်ကာ ခရစ်ယာန် ဘာသာဝင်တစ်ဦး ဖြစ်ကြောင်းနှင့် သား သမီးလေးဦး ရှိကြောင်း သိရသည်။
''အာဆီယံရဲ့ ပြင်ပနိုင်ငံတစ်ခုဖြစ်တဲ့ ကိုရီးယားရဲ့ ခေါင်းဆောင်လာမဲ့ ကိစ္စကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စနစ်တစ်ခု ပြောင်းလဲနေပြီဆိုတာကို လာကြည့်တဲ့ သဘောမှာရှိတယ်''ဟု UMFCCIမှ ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေ ပြောကြားသည်။''ဒီလိုမျိုးပဲ ထင်သာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားမယ်ဆိုရင် ဒါ့ထက်ပိုပြီး ကောင်းတဲ့ နိုင်ငံတကာက လုပ်ငန်းစုံနဲ့၊ လူကြီးပိုင်းတွေ ဆက်တိုက်ဝင်လာနိုင်တယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။ မစ္စတာလီသည် အာရှ၏ ထိပ်သီးခေါင်းဆောင်တစ်ဦး ဖြစ်နေပြီး ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့အဆင့် G-20 Seoul Summitကို အောင်မြင်စွာ ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
SMG
No comments:
Post a Comment