Saturday, 10 March 2012

အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်သွားမည်ဟု ဖိလစ်ပိုင် ပြောကြား



တရုတ်နှင့် ပိုင်နက်အငြင်းပွားနေသော ပင်လယ်အနီးတွင် လာမည့်လ၌ အမေရိကန်နှင့် အကြီးစားစစ်ရေးလေ့ကျင့်မှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်က မတ်လ ၇ရက်နေ့တွင် ပြောကြားခဲ့သည်။
တပ်ဖွဲ့ဝင် ၇၀၀၀ ခန့်ပါဝင်မည့် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုသည် မဟာမိတ်နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း ဖိလစ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂျက်စီဒဲလ်လိုဆာက ပြောကြားခဲ့သည်။ လူဇုန်ကျွန်းနှင့် ပါလာဝမ်ကျွန်းတို့တွင် အမေရိကန်တပ်ဖွဲ့ဝင် ၄၅၀၀ နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၂၃၀၀ တို့က ပူးတွဲစစ်ရေး လေ့ကျင့်သွားမည်ဖြစ်သည်။

ပါလာဝမ်သည် တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားသော ဖိလစ်ပိုင်၏ အနောက်တောင်ဘက်ကမ်းရိုးတန်းတွင် ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။  တောင်တရုတ်ပင်လယ်အတွင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသည်ဟု လက်ခံယုံကြည်ထားမှုကြောင့် တရုတ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ဘရူနိုင်းတို့က ပိုင်ဆိုင်မှု အငြင်းပွားနေကြသည်။ တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပိုမိုရန်လိုလာကြောင်း ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က စွပ်စွဲပြောကြားခဲ့ပြီးနောက်  ပြီးခဲ့သည့်နှစ်က တင်းမာမှုမြင့်မားခဲ့သည်။
Ref:AFP
EMG

No comments:

Post a Comment