Saturday, 17 March 2012

သမ္မတ ဦးသိန်းစိန် ဗီယက်နမ် နိုင်ငံသို့သွားရောက်မည်

  မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ် သမ္မတTruong Tan Sang ၏ ဖိတ်ကြားချက်အရ ဗီယက်နမ် သမ္မတနိုင်ငံသို့ မတ်(၂၀) ရက်မှ (၂၁) ရက်အထိ ၂ ရက်ကြာ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း  ဗီယက်နမ်  နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ (၁၆) ရက်နေ့က ထုတ်ပြန်ကြေညာသည်။

မြန်မာနှင့် ဗီယက်နမ်တို့သည် ၁၉၇၅ ခုနှစ် မေ(၂၈) ရက်တွင် နေ့တွင် သံတမန်ဆက်သွယ်မှု ပြုလုပ်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၃၆) နှစ်ကျော်ကြာခဲ့ပြီး မြန်မာသမ္မတကြီး၏ ယခု ခရီးစဉ်တွင် နှစ်နိုင်ငံကြား စီးပွား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက် ရန်ရှိကြောင်း သတင်းရရှိသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဒေါင်သည်(၄) ကြိမ်မြောက် ဂျီအမ်အက်(စ်) ထိပ်သီး အစည်းအဝေးတက်ရောက်ရင်း မြန်မာနိုင်ငံ နေပြည်တော်သို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် နားလည်မှုစာချွန်လွှာ နှစ်ရပ်ကို လတ်မှတ်ရေးထိုးနိုင်ခဲ့သည်။နှစ်နိုင်ငံကြား စီးပွားရေး ယဉ်ကျေးမှု သိပ္ပံနှင့် နည်းပညာဆိုင်ရာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ တစ်ရပ်ကို ၁၉၉၄ ခုနှစ်က တည်ထောင်ခဲ့သည်။

 မြန်မာနှင့် ဗီယက်နမ်ကြား ကုန်သွယ်မှု ပမာဏသည် ၂၀၁၁၊ ပထမ သုံးလပတ် အတွင်း အမေရိကန်ဒေါ်လာ ၁၂၁.၈ သန်းရောက်ရှိခဲ့ရာ ၂၀၁၀ နှစ်ထက် ၆.၂ ရာခိုင်းနှုန်း တိုးတက်ခဲ့သည်။

၂၀၁၁ နိုဝင်ဘာ အထိ မြန်မာနှင့် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်  ဒေါ်လာ ၂၃.၆၄၉ သန်း ရှိခဲ့သည်။ မကြာသေးမီကလည်း မြန်မာနိုင်ငံ ရန်ကုန်မြို့တော်နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မြို့တော် နှစ်မြို့ အား ညီအမ မြို့တော်များ အဖြစ် သတ်မှတ် ကြေညာခဲ့ ကြောင်းသိရှိရသည်။
ရန်ကုန်တိုင်းမ်

No comments:

Post a Comment