Monday, 26 March 2012

ရှစ်နှစ်ကြာပြသခွင့် ပိတ်ပင်ခံခဲ့ရသည့် မော်ကင်းဥဒါန်း ရုပ်ရှင်ဇာတ်ကား ပြန်လည်ပြသခွင့်ရရှိ




e7262 ၂၀၀၄ ခုနှစ် ဇန်န၀ါရီလတွင် ဆင်ဆာခွင့်ပြုချက် ရရှိပြီးနောက် ရုံတင်ပြသရန် စီစဉ်ပြီးချိန်တွင် ပြသခွင့် ပိတ်ပင်ခံခဲ့ရသည့် ‘မော်ကင်း ဥဒါန်း’ ရုပ်ရှင်ဇာတ်ကားအား ယခုအခါ ပြန်လည်ပြသခွင့်ရရှိပြီ ဖြစ်ပြီး ရုံတင်ပြသနိုင်ရန်အတွက် ရုံရက်ချိတ် ရယူနိုင်ရန် စီစဉ်လျက်ရှိသည် ဟု သတင်းရရှိသည်။
“ကျွန်တော်တို့ ဒီဇာတ်ကားကို ဆင်ဆာခွင့်ပြုချက်ရရှိပြီး သမ္မတ ရုပ်ရှင်ရုံမှာ နောက်တစ်ပတ် လဲမည့် ဇာတ်ကားဆိုတဲ့နေရာမှာတောင် ချိတ်ထားပြီးပါပြီ။ ပြသဖို့တစ်ပတ်အလိုမှာပဲ အကြောင်းကြောင်းကြောင့် အဲဒီဇာတ်ကားကို ပြသခွင့်မရတော့ဘူး လို့ အကြောင်းကြားခံရပါတယ်။ အခု အစိုးရသစ် လက်ထက်ဖြစ်တဲ့အချိန် မှာ ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ နစ်နာရတဲ့ အကြောင်းရင်းကို လူ့အခွင့်အရေး ကော်မရှင်ကနေတစ်ဆင့် တင်ပြခဲ့ပါတယ်။ ဒီအခါမှာ ပြန်ကြားရေးဝန်ကြီးဌာနကို ပြန်လည်ပေးပို့ပြီး ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ရုံတင်ပြသနိုင်ဖို့ ရုံရက်ချိတ်တန်းစီခဲ့ ပါတယ်။ လောလောဆယ်တော့ ပြသခွင့်ရမယ့်ရက်က မသေချာသေးပါဘူး” ဟု မော်ကင်းဥဒါန်း၏ ထုတ်လုပ်သူဖြစ်သည့် လပ်ကီးဆဲဗင်းရုပ်ရှင် ထုတ်လုပ်ရေးမှ ကိုအုန်းဝင်းက ရှင်းပြခဲ့သည်။

မော်ကင်းဥဒါန်းရုပ်ရှင် ဇာတ်ကားသည် ဆလုံလူမျိုးတို့၏ဘ၀ နေထိုင်မှုဓလေ့စရိုက်ကို အခြေခံ၍ ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပြီး ရုပ်ရှင်လောကမှ အနားယူသွားခဲ့ပြီဖြစ်သည့် ကျော်ဟိန်း၊ ဇာတ်ကားများ ရိုက်ကူးမှု ရပ်နားထားသည့် နန္ဒာလှိုင်တို့လည်း ပါဝင်ထားသည်။ ဇာတ်ကားကို ဒါရိုက်တာဝေမှိုင်းညို ရိုက်ကူး၍ ကျော်ဟိန်း၊ ညွန့်ဝင်း၊  လူမင်း၊ နိုင်းနိုင်း၊ နန္ဒ၊ သူထူးစံ၊ နန္ဒာလှိုင် တို့ ပါဝင်ထားသည်။
EMG

No comments:

Post a Comment