Wednesday, 28 March 2012

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံအထက်ပိုင်း ရွှေသတ္တု တူးဖော်ရေး လုပ်ငန်းများသည် ထုတ်ပြန်ထားသော စည်းကမ်းဥပဒေနှင့် မညီညွတ်ကြောင်း သိရ




72611
မန်ဒေါင်ဆိပ်ကမ်းတွင် ရွှေဖောင်များကို ၂၀၀၀ ပြည့်နှစ်က တွေ့ရစဉ်

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ မှန်ဒေါင်ရွာ၊ ရှာငေါ်ရွာ၊ ခ၀မ်ရွာဒေသ မေခမြစ်ကမ်းဘေးတွင် ရွှေများထွက်သည့် အတွက် ရွှေသတ္ထု တူးဖော်သည့် ကုမ္ပဏီအများအပြား လုပ်ကိုင်ကြပြီး ၎င်းလုပ်ငန်းများသည် သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၏ ဥပဒေနှင့် မညီညွတ်ကြောင်း စုံစမ်း သိရှိရသည်။
အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ၏ ဥပဒေတွင် အကြီးစားစက် ယန္တရားကြီးများ ဘူဒိုဇာ စသည်များအား အသုံးမပြုရန် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။ “စည်း ကမ်းချက်အရ ၁/ဃ မှာ မိမိတို့လုပ် ပိုင်ခွင့်ရထားတဲ့ လုပ်ကွက်ကို ဘယ်သူကိုမျှ ကိုယ်စားလှယ် လုပ်ကိုင်စေခြင်း၊ ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ လွှဲပြောင်းရောင်းချခြင်း မပြုရလို့ပါတယ်။ ဒါပေမယ့် ဒီမှာလုပ်နေတာ တရုတ် လူမျိုးအများကြီးပဲ။ စစ်ဆေးသလား၊ မစစ်ဆေးဘူးလား မသိရဘူး။ တရုတ် လုပ်ကွက်တွေထဲမှာလည်း ဘူဒိုဇာတွေ၊ ဘက်ဖိုးတွေစတဲ့ ယန္တရားကြီးတွေ အများကြီးသုံးထားတယ်။ ဒီဒေသမှာတင် အစီးပေါင်းရာဂဏန်း ရှိမယ်။ နောက်ပြီးတော့ စည်းကမ်း ချက် ၁/ဈ အရ အလုပ်သမား စာရင်းကိုလည်း စနစ်တကျ ပြုစုသင့်တယ်။ မြန်မာလုပ်သားတွေက လစာနည်းပြီး တိုင်းခြားလူမျိုးတွေက လစာများတယ်။ အခြား အခွင့်အရေး တွေပိုရတယ်။
၁/ဍ အရ ဆိုရင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင်ထိခိုက်မှု တွေ မဖြစ်စေရဘူးလို့လည်း ပါတယ်။ ဒါပေမယ့် ဒီဒေသက လိမ္မော်ခြံတွေ၊ လယ်ယာမြေတွေ ပျောက်ကုန်ပြီ။ မေခမြစ်၊ ဧရာဝတီမြစ်ထဲကို စွန့်ပစ်တဲ့ပြဒါးနှင့် အခြားသတ္တုတွေ အမြဲ စွန့်ပစ်နေတာပဲ။ ဒါတွေကို သက်ဆိုင်ရာက စစ်ဆေးပြီး လျှော့သင့်တာ လျှော့၊ ပိတ်သင့်တာပိတ်သင့်ပြီ”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု တိုင်းရင်းသားတစ်ဦးက ပြောပြသည်။ အဆိုပါ ရွှေတူးသည့် လုပ်ငန်းများ ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရွှေမျောမှ ထွက်သည့် ရွှံ့ရည်များ၊ စွန့်ပစ်ပစ္စည်းများ ဖြစ်သည့် ပြဒါးနှင့် အခြားဓာတုပစ္စည်းများ မေခမြစ်အတွင်းသို့ အမြဲစီးဝင်နေခြင်းများ ဖြစ်လျက်ရှိသည်။ ထို့ကြောင့် ရေရှည်တွင် နိုင်ငံတော်အတွက် အကျိုးရှိမှုနည်းပြီး ဆုံးရှုံးနစ်နာမှု များစွာ ဖြစ်နိုင်ပါသဖြင့် တာဝန်ရှိသူများ အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်နေကြောင်း သတင်းရရှိပါသည်။
EMG

No comments:

Post a Comment