Wednesday, 7 March 2012

ဟင်္သာတမြို့ မှာ ယနေ့ နံနက် ဗုံးတလုံးထပ်မံတွေ့ ရှိ

ယနေ့ နံနက် ဗုံးထပ်မံတွေ့ ရှိတဲ့နေရာ

ဧရာဝတီတိုင်း ဟင်္သာတမြို့ ဆယ်လူလာလ္ဘက်ရည်ဆိုင်နောက် စာတိုက်အိမ်သာဘေးတွင်တတိယမြောက် ဗုံးတစ်လုံး ကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်မှာ ထပ်မံတွေ့ရှိကြောင်းသိရပါတယ်။
မတ်လ ၆ ရက်နေ့ ကလည်း  ဟင်္သာတမြို့  ရုံးကြီးရပ်ကွက် ရွှေစေတီလမ်းရှိ စွယ်တော်ရိပ် ကွန်ပျူတာဆိုင် အနောက်ဘက် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့ ရေမြောင်းအတွင်း မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် လက်ပစ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသော လက်ပစ်ဗုံး တစ်လုံးနှင့် ယမ်းထုပ် သုံးထပ်ကို ထပ်မံတွေ့ရှိ ခဲ့ကြောင်း ဟင်္သာတမြို့ခံများက Myanmar News Now ကို ပြောကြားပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အနီးအနားရှိ အိမ်များမှာ တုန်ခါသွားကာ ကျောက်စရစ်ခဲများ လွင့်ပျံ ထိမှန် ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူ မရှိဘူးလို့ ဆိုပါတယ်။
မတ်လ ၆ ရက်နေ့ က ဗုံးပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာနဲ့  ကိုက် ၅၀၀ ခန့်အကွာ မြို့နယ် ဆက်သွယ်ရေးရုံးရှေ့ တာဝါတိုင်အနီး ရေမြောင်း အတွင်းမှာလည်း မပေါက်ကွဲ သေးတဲ့ လက်ပစ်ဗုံး တစ်လုံးနဲ့  ယမ်းထုပ် သုံးထုပ်ကို ထပ်မံ တွေ့ရှိခဲ့ရကြောင်း၊ မပေါက်ကွဲသေးသော အဆိုပါဗုံးကို ဖျက်ဆီးရန် သဲအိတ်များ ခံထားပြီး ကိုက် ၁၅၀ အတွင်း မည်သူမျှ ဝင်ရောက် ကြည့်ရှုခွင့် မပေးကြောင်း သိရပါတယ်။
ဟင်္သာတမြို့ အဝင်အထွက် လမ်းများတွင်လည်း လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း ဒေသခံများက ပြောပါတယ်။
Myanmar News Now

No comments:

Post a Comment