Monday, 5 March 2012

ပိုလန်တွင် ရထားနှစ်စီး တိုက်မိမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာ




ပိုလန်တောင်ပိုင်း Szczekociny မြို့တွင် မတ်လ ၃ ရက်က ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် လူ ၁၆ ဦးသေဆုံးပြီး လူ ၅၄ ဦးကို ဆေးရုံတင်ထားရကြောင်း သိရသည်။
နိုင်ငံအရှေ့ပိုင်း Przemysl မြို့မှ ၀ါဆောမြို့သို့ ထွက်ခွာလာသော ရထားတစ်စီးကို ၀ါဆောမြို့မှ Krakow မြို့သို့ ဦးတည်ထွက်ခွာလာသော အခြားရထားတစ်စီးက လမ်းကြောင်းမှားပြီး ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။  ရထားနှစ်စီးပေါ်တွင် ခရီးသည် စုစုပေါင်း ၃၅၀ ခန့် တင်ဆောင်လာပြီး ယူကရိန်း၊ စပိန်နှင့် ပြင်သစ်အပါအ၀င် နိုင်ငံခြားသား အများအပြားပါဝင်ခဲ့ကာ သေဆုံးသူများထဲတွင် အမေရိကန် နိုင်ငံသားတစ်ဦး ပါဝင်ကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ်က ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်မှာ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပိုလန်တွင် အဆိုးရွားဆုံး ရထားတိုက်မိမှုတစ်ခုဖြစ်ကြောင်း ရထားတိုက်မိသောနေရာသို့ သွားရောက်ခဲ့သော ဒေါ်နယ်တပ်ခ်က ပြော ကြားခဲ့သည်။  ၁၉၉၀ ပြည့်နှစ်က ၀ါဆောမြို့ ဆင်ခြေဖုံး Ursus တွင် ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့သည်။ ၁၉၈၀ ပြည့်နှစ်က နိုင်ငံမြောက်ပိုင်း တိုရွန်အနီး Otoczyn တွင် ခရီးသည်တင်ရထားနှင့် ကုန်ရထား တစ်စီးတို့ တိုက်မိမှုကြောင့် လူ ၆၇ ဦးသေဆုံးခဲ့ပြီး ၆၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
Ref:AP
EMG

No comments:

Post a Comment