Friday, 16 March 2012

တောင်ဥက္ကလာပမြို့နယ်၌ မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွား




DSC_0050
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက် သုတ(၁)လမ်း  မီးလောင်ကျွမ်းမှုအား တွေ့ရစဉ်
၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက် သုတ(၁)လမ်းတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုမှာ မတ်လ ၁၆ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စတင်လောင် ကျွမ်းခဲ့ပြီး ည ၆ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် မီးညွန့်ကျိုးငြှိမ်းသတ် နိုင်ခဲ့ပြီး ၇ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
''မီးကတော်တော်ပြင်းတယ်။ လေက လမ်းမကြီးဘက်က တိုက်တော့ မီးလောင်မှုဖြစ်တဲ့ အိမ်တွေရဲ့ ကျောခြင်း ကပ်အိမ်တွေကတော့ မီးကူးစက်မှု မရှိခဲ့ပါဘူး။ ပြီးတော့ ဝေယဇန္တာလမ်းပေါ်က ကုမ္ပဏီတစ်ခုရဲ့ အနောက်ဘက် မှန်တွေကိုခွဲပြီးတော့တောင် မီးငြှိမ်းသတ်ခဲ့ရတယ်။ ရပ်ကွက်က လမ်းလည်းကျဉ်းတယ်။ ပြီးတော့ ၀ိုင်းအုံကြည့်နေကြတဲ့သူတွေနဲ့ ပိတ်နေတော့ မီးသတ်ကားတွေဝင်ဖို့ ခက်နေလို့ မီးသတ်ကားတွေက လမ်းမကြီးပေါ်က သတ်ခဲ့ကြတယ်။ ဒါတောင် မီးလောင်တဲ့နေရာနဲ့ တော်တော်လှမ်းလှမ်းမှာရှိတဲ့ အုန်းပင်တွေတောင် မီးညွန့်တွေ ကူးစက်သွားတယ်။ မီးသတ်ကတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ရပ်ကွက်က တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မီးလောင်နေတဲ့အချိန်မှာ လုံခြုံရေးပိုင်းကို တာဝန်ယူပေးခဲ့ကြလို့ပါပဲ။ မီးလောင်နေတဲ့အချိန်မှာ ပစ္စည်းခိုးတဲ့ သူခိုးတစ်ယောက်ကို ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်''ဟု ရပ်ကွက်နေသူ တစ်ဦးထံမှ သိရသည်။
မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၄၇ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ အထောက်အကူပြုယာဉ် ၅ စီး လာရောက်ငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် အိမ်ခြေဆယ်လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက် သုတ(၁)လမ်း မီးလောင်ကျွမ်းမှုအား တွေ့ရစဉ်
၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက် သုတ(၁)လမ်းတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုမှာ မတ်လ ၁၆ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စတင်လောင် ကျွမ်းခဲ့ပြီး ည ၆ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် မီးညွန့်ကျိုးငြှိမ်းသတ် နိုင်ခဲ့ပြီး ၇ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

''မီးကတော်တော်ပြင်းတယ်။ လေက လမ်းမကြီးဘက်က တိုက်တော့ မီးလောင်မှုဖြစ်တဲ့ အိမ်တွေရဲ့ ကျောခြင်း ကပ်အိမ်တွေကတော့ မီးကူးစက်မှု မရှိခဲ့ပါဘူး။ ပြီးတော့ ဝေယဇန္တာလမ်းပေါ်က ကုမ္ပဏီတစ်ခုရဲ့ အနောက်ဘက် မှန်တွေကိုခွဲပြီးတော့တောင် မီးငြှိမ်းသတ်ခဲ့ရတယ်။ ရပ်ကွက်က လမ်းလည်းကျဉ်းတယ်။ ပြီးတော့ ၀ိုင်းအုံကြည့်နေကြတဲ့သူတွေနဲ့ ပိတ်နေတော့ မီးသတ်ကားတွေဝင်ဖို့ ခက်နေလို့ မီးသတ်ကားတွေက လမ်းမကြီးပေါ်က သတ်ခဲ့ကြတယ်။ ဒါတောင် မီးလောင်တဲ့နေရာနဲ့ တော်တော်လှမ်းလှမ်းမှာရှိတဲ့ အုန်းပင်တွေတောင် မီးညွန့်တွေ ကူးစက်သွားတယ်။ မီးသတ်ကတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ရပ်ကွက်က တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မီးလောင်နေတဲ့အချိန်မှာ လုံခြုံရေးပိုင်းကို တာဝန်ယူပေးခဲ့ကြလို့ပါပဲ။ မီးလောင်နေတဲ့အချိန်မှာ ပစ္စည်းခိုးတဲ့ သူခိုးတစ်ယောက်ကို ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်''ဟု ရပ်ကွက်နေသူ တစ်ဦးထံမှ သိရသည်။

မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၄၇ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ အထောက်အကူပြုယာဉ် ၅ စီး လာရောက်ငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် အိမ်ခြေဆယ်လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
EMG

No comments:

Post a Comment