Sunday, 26 February 2012

ဘာလီကျွန်းထောင်တွင် ထောင်ဆူမှုဖြစ်ပွား၍ နိုင်ငံခြားအကျဉ်းသားများအား လုံခြုံသည့်နေရာသို့ ပို့ဆောင်




ထောင်တွင်းဆူပူမှုဖြစ်ပွားပြီးနောက် ကီရိုဘိုကန်အကျဉ်းထောင်ပြင်ပတွင် အင်ဒိုနီးရှားစစ်သားများ အစောင့်ချထားမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိထောင်တွင် ထောင်ဆူမှုဖြစ်ပွားသောကြောင့် နိုင်ငံခြားသားများနှင့် အမျိုးသမီးအကျဉ်းသားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဖေဖော်ရီလ ၂၃ ရက်နေ့က အင်ဒိုနီးရှားအာဏာပိုင်များမှ ပြောကြားခဲ့သည်။
Kerobokan ထောင်သို့ ခွေးများနှင့် လက်နက်ကိရိယာ အပြည့်အစုံတပ်ဆင်ထားသော ရဲကားများရောက်ရှိလာပြီး နိုင်ငံခြားသားအကျဉ်းသား ၆၀ ဦး နှင့်အမျိုးသမီးအကျဉ်းသား ၁၂၅ ဦးတို့အား ရွှေ့ပြောင်းခဲ့သည်။
ထောင်ပတ်လည်တွင် စောင့်ကြပ်ရန် ရာပေါင်းများစွာသော ရဲများနှင့်စစ်တပ်မှ ရေအမြောက်များ၊ လက်နက်ကြီးများသည်လည်း ထပ်မံရောက်ရှိလာကြသည်။
အဆိုပါထောင်တွင် ထောင်သားပေါင်း ၁၀၁၅ ဦးရှိပြီး ထောင်တွင်းထိန်းသိမ်းထားနိုင်သည့် ဦးရေထက် သုံးဆ ပိုမိုနေခြင်းဖြစ်သည်။ ရွှေ့ပြောင်းပေးခဲ့သော နိုင်ငံခြားအကျဉ်းသားများထဲတွင် သြစတြေးလျမှ မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုဖြင့် နာမည်ကြီးသော Schapelle Corby နှင့်ဘာလီနိုင်းအဖွဲ့မှ ဂိုဏ်းသားများလည်း ပါဝင်သည်။   
Ref: AFP
EMG

No comments:

Post a Comment