Friday, 3 February 2012

အသံထက်သုံးဆမြန်သော ဒုံးခွင်းဒုံးတစ်မျိုးကို ဗြိတိန်ရေတပ် ထုတ်ဖော်ပြသ





ရန်သူ၏ဒုံးကျည်များကို ပစ်ခွင်းနိုင်သည့် အသံထက်သုံးဆမြန်သော ဒုံးခွင်းဒုံးတစ်မျိုးကို ဗြိတိန်တော်ဝင်ရေတပ်က ထုတ်ဖော်ပြသခဲ့သည်။  ရေတပ်၏ လေကြောင်းကာကွယ်ရေးစနစ်သစ်ကို ထုတ်ဖော် ပြသရာတွင် ရေတပ်သင်္ဘောများမှ ပစ်လွှတ်နိုင်သော ယင်းဒုံးကျည်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

မြေပြင် (သို့မဟုတ်) ရေပြင် စတုရန်းမိုင် ၅၀၀ ပတ်လည်အတွင်း ကာကွယ်ပေးထားနိုင်ပြီး ယင်းဧရိယာအတွင်း ရန်သူဒုံးကျည်ဝင်လာပါက အမြင့်ဆုံးအမြန်နှုန်း Mach 3 (အသံ၏ သုံးဆ) ဖြင့် ပစ်ခွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ငါးနှစ်စီမံကိန်းဖြင့် ယင်းဒုံးကျည်များကို ထုတ်လုပ်သွားမည်ဖြစ်ပြီး ရေတပ်၏ Type 23 ဖရီးဂိတ်သင်္ဘောများတွင် တပ်ဆင်ရန်ရည်ရွယ်ထားကာ နောက်ပိုင်းတွင် ကြည်းတပ်နှင့်လေတပ်တွင်ပါ တပ်ဆင်နိုင်ရန် ရည်ရွယ်ထားသည်။
EMG

No comments:

Post a Comment