Wednesday, 29 February 2012

မန္တလေး-အင်ဖာ ကားပြေးဆွဲခြင်းအတွက် အင်ဖာတွင် မြန်မာဗီဇာရုံးတစ်ရုံး ဖွင့်လှစ်မည်


အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ ရှိ နန်းဖာလုံဈေး
မန္တလေးမြို့နှင့်အိန္ဒိယနိုင်ငံ အင်ဖာမြို့အကြား နိုင်ငံတကာအဆင့်မီ် အဝေးပြေးကားပြေးဆွဲ ရန် ကိစ္စအတွက် အိန္ဒိယနှင့်မြန်မာဘက်မှ ပြည်နယ်အစိုးရများ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အင်ဖာမြို့၌ ဗီဇာရုံးတစ် ခုဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။ The Sangai Express်သတင်းဌာန၏ ဖော်ပြချက်အရ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ ယင်းကိစ္စများ ဖြစ်သော အဝေးပြေးကားပြေးဆွဲမည့်ကိစ္စနှင့် ဗီဇာရုံးဖွင့်လှစ်မည့်ကိစ္စအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အင်ဖာမြို့၏ အတွင်းရေးမှူးဟောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော အဆိုပါ ဆွေးနွေးပွဲ၌ အိန္ဒိယဘက်မှပြောဆိုချက်အရ မြန်မာနိုင်ငံအနေဖြင့် အဝေး ပြေးကား မပြေးဆွဲမှီဗီဇာရုံးတစ်ရုံးကို အင်ဖာတွင် အမြန်ဆုံးထားရှိသွားစေရန် ပြောကြားသည်။ အိန္ဒိယအစိုးရ အနေဖြင့်လည်း မန္တလေးမြို့တွင် ၎င်းတို့၏ အစိုးရရုံးတစ်ရုံးလာရောက်ဖွင့်လှစ်သွားမည်ဟု သိရကာ မန္တလေး မြို့တွင် ၎င်းတို့၏ အစိုးရရုံးတစ်ရုံးလာရောက်ဖွင့်လှစ်သွားမည်ဟု သိရကာ မန္တလေးမြို့မှ အခြေစိုက် အဝေး ပြေးလိုင်းပြေးဆွဲခြင်းကြောင့် နှစ်နိုင်ငံဒေသချင်းရင်းနှီးမှု ပိုမိုစေမည်ဟုလည်း ဆိုသည်။

မန္တလေး-အင်ဖာ အဝေးပြေးကားလမ်းဖောက်လုပ်ပြီး ကားပြေးဆွဲခြင်းအတွက် အခက်ခဲဆုံး လမ်းကြမ်းများအဖြစ် ကလေးဝမှ မယ်ဝ(Malewa) အထိဖြစ်နေပြီး အဆိုပါ အဝေးပြေးလမ်းမကြီးကို အဆင့် မြင့်လမ်းမကြီးအဖြစ် ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရမည်ဖြစ်ကာ တမူး-မိုရေးဘက်သို့ အဆိုပါဆွေးနွေးပွဲမှ တာ ၀န်ရှိသူများသွားရောက်လေ့လာနေသည်ဟု သိပြီး အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနှင့်ပတ်သက်သော အရှေ့မျှော် ၀ါဒအတွက် ပြင်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။
ပြည်မြန်မာသတင်းဂျာနယ် 

No comments:

Post a Comment